Sunday, February 17, 2019

How to make Money online?


အခြေခံအားဖြင့် အင်တာနက်မှာ ငွေရှာတော့မယ်ဆိုရင် ---

  1.   အင်တာနက်ကောင်းမွန်စွာ အသုံးပြုနိုင်တဲ့ ဖုန်း၊တက်ပလက်၊လက်တော့ တစ်ခုခု လိုအပ်ပါမယ်။ ကျွန်တော် ငွေရှာတဲ့ ၀က်ဆိုဒ်ပေါ်မူတည်ပြီး ဖုန်းနဲ့အသုံးပြုလို့ရတာလည်း ရှိသလို၊ ကွန်ပျူတာနဲ့ ဆောင်ရွက်မှရတဲ့ ဆိုဒ်တွေလည်း ရှိပါတယ်။
  2.  ငွေသွင်း၊ ငွေထုတ်လုပ်ဖို့အတွက် Perfect Money၊ MyanPay၊ CB Bank account ကဲ့သို့ အကောင့်များ မဖြစ်မနေရှိရပါမယ်။ ဒေါ်လာငွေ အသွင်းအထုတ်အတွက် Perfect Money အကောင့်ကတော့ မြန်မာပြည်မှာ အသုံးများဆုံး အကောင့်တစ်ခုဖြစ်ပါတယ်။ သူ့ထဲကို ဒေါ်လာထဲဖို့နဲ့ ပြန်ထုတ်ဖို့အတွက် မြန်မာပြည်မှာ အေးဂျင့်တွေလည်း ရှိပါတယ်။ နောက်တစ်ခုက ကျနော်တို့ရတဲ့ ၀င်ငွေတွေကို မြန်မာငွေလဲဖို့နဲ့ Perfect Money ထဲ ဒေါ်လာဝယ်ထည့်ဖို့အတွက်က MyanPay နဲ့ CB Bank account ရှိရပါမယ်။
  3. မိမိတို့ ငွေရှာတဲ့ ဆိုဒ်က လက်ခံတဲ့ (သို့မဟုတ်) ရှာလို့ရတာတွေ စုစည်းမယ့် ကြားခံ တစ်ခု လိုပါမယ်။ ဒါကတော့ BTC လို့ခေါ်တဲ့ Bitcoin ရှာတဲ့ သူတွေအတွက်ပါ။ သူ့မှာ ရှာလို့ရတဲ့ Coin တွေကို စုစည်းထားဖို့ Bitcoin Address (or) Bitcoin Wallet လိုပါမယ်။ သူက ဒေါ်လာ ချက်ချင်းမရပဲ ရှာလို့ရတဲ့ Coin တွေကို ဈေးကွက်ပေါက်ဈေးနဲ့ ပြန်ရောင်းပြီးမှ ဒေါ်လာရတာပါ။
  4. မိမိငွေရှာမယ့် လုပ်ငန်းအကြောင်း Expert မဖြစ်တောင် တီးမိခေါက်မိ အကျွမ်းဝင်နားလည်ရပါမယ်။
    ကျွန်တော်တို့ဟာ PTC (Paid to Click) မှာပဲငွေရှာရှာ၊ Bitcoins ပဲရှာရှာ၊ အခြား ဘယ်လို ရင်းနှီးမြုပ်နှံမှုမှာပဲ ၀င်ငွေရှာရှာ သူ့နဲ့ပတ်သတ်တဲ့ အခြေခံအချက်လေးတွေဖြစ်တဲ့ စိတ်ချရမှု၊ ငွေပေးမှန်မှု၊ အကျိုးရှိမှုတွေကို အရင်ဆုံးလေ့လာသင့်ပါတယ်။ ဒီနေ့ ကျနော်တို့က ငွေရှာတယ်။ ငွေရင်းထည့်တယ်၊ မကြာဘူး Scam ဖြစ်သွားတယ် ဆိုဒ်ပိတ်သွားတယ်ဆိုရင်တော့ ကျနော်တို့ အတွက် အချည်းအနှီးပါပဲ။ 
  5. အချိန်သတ်မှတ်ချက်ရှိရပါမယ် ပုံမှန်ငွေရှာမယ့် အချိန်အပိုင်းခြားလိုမျိုး၊ မိမိအတွက် အကျိုးရှိမယ့် အချိန်မျိုးတွေကို ရွေးချယ်ပြီး ဆောင်ရွက်သင့်ပါတယ်။


Online ငွေရှာတဲ့နေရာတွေကတော့....

  •   PTC (Paid To Click) - သူကတော့ ကြော်ငြာတွေ ကြည့်ပြီး ၀င်ငွေရတဲ့ ၀က်ဆိုဒ်မျိုးပါ။ သူမှာတင်ထားတဲ့ ကြော်ငြာတွေကို ကလစ်လုပ်၊ အချိန်တစ်ခုကြာရင် ( ကြော်ငြာ Loading ပြည့်သွားရင်) ၀င်ငွေပမာဏ တစ်ခုရပါတယ်။ ဒီလို ၀က်ဆိုဒ်တွေက ကြော်ငြာတစ်ခုကို 0.0001$ ကနေ 0.05$ ၀န်းကျင်ခန့်ရတတ်ပါတယ်။ ဒါပေမယ့် ဒီလို PTC site တွေကို လေ့လာကြည့်တဲ့ အခါတွေ့ရတာတော့ မီဒီယာ ကြော်ငြာတွေ၊ ဂရပ်ဖစ်များတဲ့ ကြော်ငြာတွေကြောင့် ဒေတာ အတက်များပါတယ်၊ ဒါကြောင့် ဒေတာ အတက်များတော့ အရင်းနှီးများတဲ့ သဘောပါ၊ ရတာနဲ့ ဒေတာဖိုးကုန်တာနဲ့ သင့်မသင့် ချင့်ချိန်သင့်ပါတယ်။ သူ့ဆီမှာ ကြည့်ရတဲ့ ကြော်ငြာအများစုက သူ့လို PTC ဆိုဒ်တွေရဲ့ ကြော်ငြာတွေပဲ ဖြစ်နေတတ်ပါတယ်။ (Product and Service နဲ့ပတ်သတ်တဲ့ ကြော်ငြာတွေမဟုတ်တော့ စဉ်းစားစရာ ဖြစ်ပါတယ်။ SCAM အဖြစ်မြန်တတ်ပါတယ်။
    (PTC မှာ ဒါမှမဟုတ် အွန်လိုင်းမှာ ငွေရှာသူတွေအကြောက်ဆုံးက Scam ဖြစ်သွားတာပါ။ အဲလို Scam ဖြစ်သွားရင်တော့ ရှာထားသမျှတွေ၊ ရင်းထားသမျှတွေက သဲထဲ ရေသွန်ဖြစ်ပါမယ်)
    ငွေသွင်းရင် မြန်ပေးမယ့် ငွေထုတ်ရင် ကြာတတ်ပါတယ်။ Admin တစ်ဦးထဲကနေ ဆိုဒ်တစ်ခု ထက်မက လုပ်နေတာရှိပြီး၊ ဆိုဒ်တစ်ခု Scam ဖြစ်သွားရင် နောက်ဆိုဒ်တစ်ခုကနေ လှည့်ယူ၊လှည့်စားတတ်ပါတယ်။ တခြားသော အကြောင်းရာများလည်း ကျန်သေးနိုင်ပါတယ်။ ဒီနေရာမှာ Myanmar PTC ဆိုတဲ့ ဆိုဒ်တစ်ခုရှိကြောင်း ပြောလိုပါတယ်။ သူအလုပ်လုပ်ပုံကတော့ အထက်က ဆိုဒ်တွေနဲ့အတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် Myanmar PTC ရဲ့ အားသာချက်က
    သူ့ကြော်ငြာတွေက Local က Product and Services ကြော်ငြာတွေဖြစ်နေတာပါ။ ဒါက ကောင်းတဲ့ အချက်လည်းဖြစ်ပါတယ်။
  • BitCoins ဆိုတာကတော့ E-currency တစ်မျိုးပါ။ Bitcoins ဆိုတာ ဘာလည်းနဲ့ ပတ်သတ်ပြီး CNN Money ၀က်ဆိုဒ်မှာ လေ့လာနိုင်ပါတယ်။ သူ့မှာတော့ ထွေထွေထူးထူး သိပ်ပြောစရာမရှိပါဘူး။ သူ့ကို စုဆောင်းတဲ့နေရာမှာ satoshi လို့ခေါ်တဲ့အသေးဆုံးပမာဏ (0.00000001BTC) ကနေ စစုကြပါတယ်။ ဒီလို bitcoins တွေစုဆောင်းကြတဲ့ နေရာမှာ တစ်ချို့က Free Bitcoins ဆိုဒ်တွေကနေ စစုကြတယ်၊ တစ်ချို့က ဂိမ်းဆော့ပြီး စုဆောင်းကြပါတယ်။
    1BTC ကို ရဖို့ အချိန်ပေးစုဆောင်းရမှာလည်း ဖြစ်ပါတယ်။ လက်ရှိ Bitcoin ပေါက်ဈေးက 1BTC ကို 227.84 US Dollar ၀န်းကျင်ပေါက်ဈေးရှိနေပါတယ်။
  • Affiliate Marketing ကတော့ မိမိရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ဆုကြေးငွေရတဲ့သဘောပါ။ ကုမ္ပဏီတစ်ခု၊လုပ်ငန်းတစ်ခုရဲ့ Product နဲ့ Services တွေကို သုံးစွဲဖို့အတွက် ဖောက်သည်တွေ ရှာပေးနိုင်ရင် ဒါမှမဟုတ် ဆွဲဆောင်ပေးနိုင်ရင်၊ မိမိကြောင့် အရောင်းအ၀ယ်ဖြစ်သွားရင် ဆုကြေးငွေ ပမာဏတစ်ခုရမယ့် Business တစ်မျိုးလို့ပြောရပါမယ်။ တကယ့် Affiliate Marketing ရဲ့ သဘောကတော့ အထက်က ကျွန်တော်တို့ တင်ပြခဲ့တဲ့အတိုင်းဖြစ်ပါမယ်။ သို့သော် တစ်ခါတရံမှာ တစ်ချို့သော Affiliate Marketing ဆိုဒ်တွေက ကြော်ငြာတတ်တာကတော့ မန်ဘာဝင်များတွေနဲ့ ဘာမှလည်း ၀ယ်စရာမလိုပါဘူး။ ဘာမှလည်း ရောင်းစရာမလိုပါဘူး။ Life Time Deposit ပမာဏတစ်ခုထည့်ပါ စသဖြင့် ကြော်ငြာထည့်ပါတယ်။ အဲလိုထည့်ရင် မိမိအတွက် Affiliate Marketing လင့်တစ်ခုရပါမယ်။ အဲလင့်ကနေ လူသစ်တစ်ယောက်က အကောင့်လုပ်ပြီး Deposit သွင်းမယ်ဆို မိမိအနေနဲ့ ဘယ်နှစ်ရာခိုင်နှုန်းရမယ့်သဘောပါ။ ဒီလို Affiliate Marketing မျိုးမှာ ရင်းနှီးမြုပ်နှံမယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ စဉ်းစားစေချင်ပါတယ်။ တကယ် Affiliate Marketing ကို ကျနော်တို့ လုပ်လို့မရဘူး မဟုတ်ရနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ ကျွန်တော်တို့ နိုင်ငံရဲ့ Payment စနစ်တွေ အားမကောင်းသေးတဲ့အချက်တွေ၊ နိုင်ငံတကာက Fully Supported Country မဖြစ်သေးတာကြောင့် Affiliate Marketing လုပ်ဖို့ သိပ်မလွယ်သေးတာတော့ တွေ့ရပါတယ်။
  • Share Investing ဆိုတာကတော့ Googleတို့လို၊ Intel တို့လို၊ Apple တို့လို Public Company တွေက ထုတ်ရောင်းတဲ့ ရှယ်ယာတွေကို ၀ယ်ယူပြီး ရင်နှီးမြုပ်နှံခြင်းဖြစ်ပါတယ်။ သူ့ဆီက ရနိုင်တဲ့ အကျိုးအမြတ်က အကြမ်းမျဉ်း ၂ ခုရှိပါမယ်။ တစ်ခု ရှယ်ယာဈေးအတက်အကျ ပေါ်မှာ ရမယ့် အကျိုးအမြတ်နဲ့ နောက်တစ်ခုက ကုမ္ပဏီက ခွဲဝေပေးတဲ့ အမြတ်ဝေစုပါ။ အများအားဖြင့် ဒီလို ရှယ်ယာတွေကို Trade လုပ်တဲ့ Trader တွေက ကုမ္ပဏီက ပေးတဲ့ အမြတ်အစွန်းကို အဓိက မထားဘဲ ရှယ်ယာဈေးအတက်ကျပေါ်မှ ရတဲ့ အမြတ်အစွန်းကိုပဲ အဓိကထား Trade လုပ်ကြတာဖြစ်ပါတယ်။
    အထက်က ကျွန်တော် ပြောခဲ့တာကတော့ ပုံမှန် Official Share Trading ရဲ့ အကြမ်းမျဉ်းသဘောပါ။
    လက်ရှိ ကျွန်တော်တို့ လေ့လာမိသလောက် အင်တာနက်က ငွေရှာသူအတော်များများ ရင်းနှီးမြုပ်နှံနေတာက အဲဒီလို ရှယ်ယာမျိုးတွေမှာ မဟုတ်တာတွေ့ရပါတယ်။ (အနည်းကျဉ်းကတော့ အဲလို Official Share တွေမှာ ရင်းနှီးမြုပ်နှံနေတာလည်း တွေ့ပါတယ်။) ဒါဆို ကျွန်တော်တို့ ငွေရှာနေတဲ့ သူတွေက ဘာကြောင့် တကယ့် ရှယ်ယာအမှန်ကန်မှာ ရင်းနှီးမြုပ်နှံမှုမလုပ်ကြတာလည်း? အဖြေတွေ အများကြီးရှိနိုင်ပေမယ့် အဓိက ကတော့ ကျွန်တော်တို့ရဲ့ လောဘစိတ်ပါ။
    တကယ့် ရှယ်ယာအစစ်မှန်တွေက အချိန်ပေးပြီး ရင်နှီးမြုပ်နှံရတာပါ။ လူဆိုတဲ့ သဘောက အချိန် တိုတိုအတွင်းမှာ အမြတ်များများရချင်ပါတယ်။ ဒါကြောင့် အချိန်တိုတို အတွင်းမှာ အမြတ် များများ ပေးမယ့်လို့ offer လုပ်တဲ့ ဆိုဒ်တွေ၊ တကယ် ဘာလုပ်မယ်မှန်း မသိတဲ့ ဆိုဒ်တွေမှာ ရင်းနှီးမြုပ်နှံ နေမိကြတာပါ စဉ်းစားစရာ တစ်ခုက အဲဒီဆိုဒ်တွေက ဘာလုပ်ငန်းလုပ်လို့ မိမိကို ဒီလို အမြတ်တွေ ပေးနိုင်ရတာလည်းဆိုတာပါ။
  •  Online Betting မှာတော့ အဓိကအားဖြင့် အားကစားပွဲတွေကို လောင်းကစားလုပ်ကြတာပါ။ ဒီလို Betting Site တွေက နိုင်ငံရပ်ခြားမှာတော့ တရားဝင်ရပ်တည်လှုပ်ရှားနေကြတာပါ။ တော်တော် များများကတော့ ယူကေအခြေဆိုဒ် ဒိုင်တွေများပါတယ်။ တစ်ချို့သောသူတွေကတော့ အကောင့် ဖွင့်ငွေထည့်ပြီး BET လုပ်နေကြတာတွေ့ပါတယ်။ မြန်မာပြည်မှာတော့ တရားဝင်ခြင်းမရှိပါဘူး။
    Betting နဲ့ပတ်သတ်ပြီး နောက်တစ်ခုက ကျွန်တော်တို့ အခေါ် 2D, 3D ပါ၊ 3D ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ မြန်မာထီလိုမျိုး ထိုင်းနိင်ငံက ၁၅ ရက်တစ်ကြိမ်ဖွင့်တဲ့ ထီဂဏန်းတွေထဲကမှ ပထမဆုရဲ့ နောက်ဆုံး ၃လုံးကို လောင်းကစားလုပ်တာပါ။ 2D ကတော့ ထိုင်းအိတ်ချိန်း (Stock Exchange of Thainland) က နေ့စဉ် မားကတ်ပိတ်ချိန်မှာ (တစ်နေ့၂ကြိမ်) ဖြစ်ပေါ်တဲ့ Index နဲ့ Value ထဲက ပွိုင့်တွေကို အလောင်းအစားလုပ်ရတာပါ။ ဒီလို Betting မျိုးက မြန်မာပြည်မှာ တရားဝင်မှုမရှိပါဘူး။
  •  Forex Trading က မြန်မာပြည်မှာ ခေတ်စားလာတဲ့ trading ပုံစံတစ်မျိုးပါ။ သူရဲ့ သဘောက နေ့စဉ် အချိန်နဲ့အမျှ ဖြစ်ပေါ်တဲ့ ရွှေ၊ ငွေ၊ ငွေကြေး၊ စသဖြင့်တို့ကို အရောင်းဝယ်လုပ်ရတာပါ။ သူကတော့ နိုင်ငံတကာနဲ့ဆိုင်သော Trading တစ်မျိုးလည်း ဖြစ်ပါတယ်။ ငွေကြေးအတွဲတွေကို အရောင်း အ၀ယ် လုပ်မယ်။ ရွှေကို အရောင်း အ၀ယ်လုပ်မယ် စသဖြင့် မိမိနှစ်သက်ရာကို တစ်နေ့ ၂၄ နာရီပတ်လုံး အရောင်း အ၀ယ်လုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ တစ်ချို့က နိုင်ငံခြားကို တိုက်ရိုက်ငွေထည့်ပြီးဆောင်ရွက်ကြပြီး။ တစ်ချို့က ပြည်တွင်း Broker တွေဆီမှာ Deposit တင်ပြီး ဆောင်ရွက်နေကြပါတယ်။ တချို့နိုင်ငံခြားမှ Broker တွေက မြန်မာနိုင်ငံမှာ ရုံးခွဲလာဖွင့်ပြီး လုပ်ကိုင်နေကြပါတယ်။ သူ့ရဲ့ အားသာချက်အချို့ကတော့ အချိန်မရွေး အရောင်းဝယ်လုပ်နိုင်မယ်၊ ဈေးတက်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ အမြတ်ရှာနိုင်မယ်၊ မည်သူမှ ဈေးကွက်ကို ထိန်းချုပ်ထားလို့မရခြင်း၊ ငွေဖြစ်လွယ်ခြင်း၊ ငွေရင်းစရာမလိုသေးဘဲ အစမ်းလေ့ကျင့်နိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။


No comments:

Post a Comment

Note: Only a member of this blog may post a comment.

Today Signals Trading View

https://www.tradingview.com/x/jZfFjtKe/