ကျွန်တော်တို့ forex trading လုပ်တဲ့အခါမှာ ပုံမှန်လေးအမြတ်ရှာဖို့အတွက် လိုအပ်ပြီး သိသင့်တဲ့ အချက်လေးတွေကို ဆွေးနွေးကြည့်ရအောင်...
ပထမဆုံးပြောချင်တာကတော့ Trading ပေါ်မှာ အာရုံကိုထားပါ။ ပိုက်ဆံပေါ်မှာ
အာရုံမထားပါနဲ့။ ဒီနေရာမှာ တချို့ရှိတတ်လို့ပါ။ တခါပြောဖူးသလိုပဲ forex
trading လုပ်ရင်ပဲ နေ့ချင်းညချင်း ချမ်းသာတော့မလို ထင်မိတတ်တယ်။
အစပိုင်းမှာပါ။ မရနိုင်ဘူးလား ဆိုတော့ မဟုတ်ပါဘူး။ မဖြစ်နိုင်တာမှ မရှိတာ
ရနိုင်ပါတယ်။ ဖြစ်လည်း ဖြစ်နိုင်ပါတယ်။ trade နိုင်နေတဲ့ သူတွေလည်း
ရှိပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ tradeရမယ် ဆိုတဲ့ အသိနဲ့ market
အတွေ့ကြုံလိုတာပေါ့။ trading လို့ပြောတာနဲ့ ဘယ်ချိန်trade သင့်တယ်ဆိုတာ
မျိုး သိဖို့လိုသလို ဘယ်အချိန် မtradeသင့်သလဲ ဆိုတာကိုလည်း သိရမယ်။
အောင်မြင်နေတဲ့ trader တွေဟာ ဒီအချက်ကို နားလည်ပါတယ်။ ကိုယ်က ပိုက်ဆံကိုပဲ
အရမ်းရဖို့ အားသန်နေရင် ဘာဖြစ်မလဲ ဆိုတော့ emotion မမှန်တော့ဘူး။ stress
များလာပြီ။ တကယ်တော့ ဒီ marketမှာ ပိုက်ဆံရှာတယ်ဆိုတာ
ကိုရှာချင်တိုင်းရှာလို့ရတာ မှ မဟုတ်တာ။ market အခြေအနေပေါ်မူတည်ပြီး
လိုက်ရတာ။ အဲ့လိုမဟုတ်ပဲ money ကိုဦးစားပေးလွန်းရင် ဆုံးဖြတ်ချက်တွေမှာ
emotion တွေ ပါလာပြီးမှားဖို့ အခွင့်အရေး အရမ်း များလာတတ်တယ်။ အဲ့ဒါကို
ဘာကိုကြည့်ပြီး သိနိုင်သလဲဆိုတော့ over trading တွေ over leveraging တွေကို
ကြည့်ပြီးသိပါတယ်။ ဒါပေမယ့်over trading မဖြစ်အောင် ဘယ်နှစ်ကြိမ်လောက်ပဲ
trade ရမယ်တော့ မဟုတ်ဘူး။ market အခြေအနေပေါ်မူတည်ပြီး trading style
ပေါ်မူတည်ပြီး တူမှာမဟုတ်ဘူး။ overtrading က market နဲ့မဆိုင်ဘူး။ emotion
နဲ့ဆိုင်တာ။ ဘယ်လိုမျိုးလဲဆိုတော့ trade ကို trade ချင်နေတာ။
တကယ်ပုံမှန်trade တဲ့သူဆိုတာက market က ဘာပြောလဲ။ ပြောတဲ့နောက်ကိုလိုက်ပြီး
tradeတာ။ ဒါဆိုရင်တော့ အကြိမ်ဘယ်လောက်ဖြစ်ဖြစ် over မဟုတ်ဘူး။ over ဆိုတာက
market နောက်လိုက်တာ မဟုတ်တော့ဘူး။ ဈေးဘာဖြစ်မလဲ ဆိုတာ ပေါ်ကို
မဟုတ်တော့ဘဲ ပိုက်ဆံနဲ့ emotion အရ trading လုပ်နေတာကိုပြောပါတယ်။
နောက်တစ်ခုက နေ့တိုင်း ဘယ်လောက်အမြတ်ရှာရမယ်ဆိုတာထက် market အရရှာတာ
ပိုသဘာဝကျပါတယ်။ အဲ့လိုမဟုတ်ရင် ပြန်ပါသွားတတ်ပါတယ်။ တစ်ရက်နဲ့ တစ်ရက်
market အခြေအနေက တူတာမှ မဟုတ်တာ။ marketအခြေအနေကမကောင်းဘူး တနည်းအားဖြင့်
ကိုယ်မှန်းလို့မရ မခန့်မှန်း နိုင်တဲ့ အခြေအနေမျိုးဆို
ဘာလုပ်မလဲ။ရှင်းရှင်းလေးပါ။မ trade ဘူးပေါ့ဗျာ။ risk လျော့ဖို့ကို အဓိက
ဦးစားပေး စဉ်းစားရမယ်။ market ကကောင်းတယ်
trendကခိုင်မာတယ်ဆိုရင်ဘာလုပ်မလဲ။ risk/ reward နဲ့ ကစားပြီး profit
ပိုရနိုင်တဲ့ trading ပုံစံကို ဦးစားပေးမှာပေါ့။ risk and profit ဟာ
profit ရှာနေချိန်မှာလည်း တစ်တွဲတည်းပဲ။ အမြတ်ကို ရနိင်သမျှရအောင် ရှာမယ်။
တစ်ဖက်က ပြန်မပါသွားအောင် management လုပ်မယ်။အဲ့ဒါလေးတွေ
လည်းသိထားရမှာပေါ့ဗျာ။ မဟုတ်ရင် overtrading ဖြစ်ရင် ရသမျှလေးတွေ
ပြန်ပါသွားတတ်လို့ပါ။ trading လုပ်ရင် profit ကို စဉ်းစားတဲ့အခါ pips
တွေကို လည်း စဉ်းစားရမယ်။ risk ကိုပဲ manage လုပ်တတ်ဖို့မဟုတ်ဘူး။ profit
ကိုလဲ manage လုပ်တတ်ရပါမယ်။ သူတို့ ၂ခုဟာ သိပ်မကွာဘူးဆိုပေမယ့်
တူတော့မတူဘူး။ risk manage လုပ်တယ်ဆိုတာက ကိုယ့်ရဲ့ account တစ်ခုလုံးရဲ့
ပိုက်ဆံကို လာမထိအောင် manage လုပ်တာဖြစ်ပြီးတော့ profit
manageလုပ်တယ်ဆိုတာက အမြတ်ပိုရအောင်လုပ်တာ။ trailing လုပ်တာမျိုးတွေလည်း
အကျုံးဝင်တာပေါ့။ အားလုံးကတော့ money managementပါ။ဒါကတော့ နိဒါန်းလေးပေါ့။
နောက်ထပ်ဆက်တွေးပြီးဆက်ရေးပေးပါဦးမည်။
အရောင်းအဝယ်နှင့်ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်၍အသေးစိတ်သိလိုပါက မေးမြန်းနိုင်ပါသည်။
💰Forex Trading အား စတင်လေ့လာသူများအတွက်
👉အခြေခံသင်တန်း (Basic Course-10Hrs)
💰အခြေခံရှိပြီးသူများအတွက်
👉အခြေခံမှသည်အဆင့်မြင့်ဆီသို့ (Advance Course-10Hrs)
💰Forex Trading လုပ်ကိုင်နေပြီး
👉Introducing Broker စိတ်ဝင်စားသူများအတွက်
တွေ့ဆုံဆွေးနွေးတိုင်ပင်ပေးခြင်း (IB Consult)
💰Forex Trading တွင် အခက်အခဲဖြစ်နေသူများအတွက်
👉အကြံဉာဏ်ပေးခြင်း ဝန်ဆောင်မှု (Service Provides)
💰Forex Trading တွင် အကျိုးအမြတ်များရလိုသူများအတွက်
👉နေ့စဉ် သတင်းနှင့်အချက်အလက်များဝေမျှခြင်း ဝန်ဆောင်မှု (Daily Signals Provide) များအပြင် အခြားခြားသော မည်သည့် Broker တွင်မှမရှိသေးသည့် ဝန်ဆောင်မှုများစွာကို ဂျပန်အခြေစိုက်Nature Forex International Consultant Company ၏ မြန်မာပြည်ရုံးခွဲတွင် ရရှိနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
👉အသေးစိတ် သိရှိလိုပါက
Bhone Pyae Sone (Business Consultant)
Nature Forex International Consultant Co.Ltd
ဖုန်း 09-447751005 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
သာယာပျော်ရွှင်ချမ်းမြေ့သော နေ့ရက်တစ်ရက်ဖြစ်ကြပါစေ...

No comments:
Post a Comment
Note: Only a member of this blog may post a comment.