Saturday, February 16, 2019

အရောင်းအဝယ် ပြုလုပ်ရာတွင် မိမိအကောင့် ဘယ်လောက် Risk ခံနိုင်မလဲဆိုတာကို Trader အနေနဲ့ မဖြစ်မနေသိထားသင့်သည့် အချက်များ...


What is margin? (Margin ဆိုတာ ဘာလဲ?)
Margin ဆိုတာ Broker ကသတ်မှတ်ပေးထားတာ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် Forex, CFD နှင့် Commodities အရောင်းအ၀ယ် (electronic trading) ပြုလုပ်ရန် မဖြစ်မနေ လိုအပ်သည့် ပမာဏ(Margin) ကို Broker ကသတ်မှတ်ပေးထားတာ ဖြစ်ပါသည်။ ထို့ကြောင့် မိမိနှစ်သက်ရာ အရောင်းအ၀ယ် ပြုလုပ်လိုသည့် Produt,Margin requirements, Brokerage Firm နှင့် Platform တို့ကို မိမိကိုယ်တိုင် ရွေးချယ်ရန် လိုအပ်ပါသည်။ လက်ရှိတွင် Broker နှင့် Traderနှစ်ဦး ကြား Margin နှင့် ပက်သက်၍ နားလည်မှု ကွဲလွဲသည့် အချက်အလက်များ များစွာ ရှိနေပါသည်။ Margin သည် Trading ပြုလုပ်ရာတွင် ပေးဆောင်ရသည့် အခွန်အခမဟုတ်ပါ။ မိမိအရောင်းအဝယ် ပြုလုပ်လိုသည့် ပမာဏ သတ်မှတ်ချက်သာ ဖြစ်သည်။ မိမိသတ်မှတ်သည့် အချိန်တစ်ခုတွင် လိုအပ်သည့် အမြတ်/အရှုံး ရရှိမှုသည် Margin ပေါ်တွင် များစွာ သက်ရောက်မှု ရှိပါသည်။
[ဥပမာ 1lot (1000 USD) ± 100 USD (between 30 minutes)
10lots (10000 USD) ± 1000 USD (between 30 minutes) ]
Broker သည် Trader တို့၏ Order များအား Interbank နှင့် ချိတ်ဆက် ပေးရခြင်းဖြစ်သည်။
Margin သည် Trader တိုင်း၏ အသက်ဖြစ်သည်။
ထို့ကြောင့် Trader များသည် Broker ကသတ်မှတ်ထားသည့် (Margin Requirement %) သိရှိရန် လိုအပ်ပြီး ရင်းနှီးမြှုပ်နှံသင့်ပါသည်။


What is a Free Margin?
Free Margin ဆိုသည်မှာ မိမိအရောင်းအ၀ယ်ပြုလုပ်ထား
သော Margin ပမာဏဖြစ်သည်။ Free Margin ပမာဏကို
ကျော်လွန်ပြီး အရောင်းအ၀ယ်ပြုလုပ်မရပါ။ တနည်းအားဖြင့်
မိမိအရောင်းအ၀ယ် ပြုလုပ်နေသည့် (Transaction) မှအရုံး
အမြတ်ပမာဏသည် Free Margin အနည်းအများဖြစ်ပေါ်
စေသည်။
Free Margin = Equity – Margin
Free Margin မလုံလောက်ပါက မိမိနောက်ထက်အေ၇ာင်း
အ၀ယ် ပြုလုပ်ရန် မသင့်တော်ပါ။ Free Margin များမှသာ
လျှင် မိမိစိတ်ကြိုက် အရောင်းအ၀ယ်ပြုလုပ်သင့်သည်။
Free Margin နည်းလျှင် သို့မဟုတ် မလုံမလောက်ဖြစ်လျှင်
မိမိပြုလုပ်ထားသည့် Pending Order မပွင့်ပါ။ Broker မှ
ပယ်ဖြတ်မည် ဖြစ်သည်။
Equity များလျှင် Free Margin များပြီး Equity နည်းလျှင် Free Margin နည်းမည်ဖြစ်သည်။
What is a Margin level?
Margin level = (Equity/ used margin) × 100%
Margin level ဆိုသည်​မှာ Traders များ အ​ရောင်းအ၀ယ်​ ပြုလုပ်​ရာတွင်​ ဖြစ်​​ပေါ်လာသည့်​ အရှုံးအနိုင်​ ရာခိုင်​နှုန်းကို​ဖော်​ပြခြင်းဖြစ်​သည်​။ Trader များ အ​ရောင်းအ၀ယ်​ ပြုလုပ်​မည်​ ဆိုလျှင်​ မိမိတွင်​ ရှိသည့်​ Free Margin နှင့်​ ဖြစ်​​ပေါ်လာမည့်​ Margin level ကိုကြိုတင်​တွက်​ချက်​ထားနိုင်​ရန်​လိုအပ်​သည်​။Broker များ၏ Margin level သတ်​မှတ်​ချက်​သည်​ မတူညီနိုင်​ပါ။ Margin level 100% အထိ အ​ရောင်းအ၀ယ်​ ပြုလုပ်​ခွင့်​ပြုထားသည်​။ တနည်းအားဖြင့်​ Margin Call Level ဟု​ခေါ်သည်​။ Margin call level 100% ထိ​ရောက်​ခဲ့လျှင်​ မိမိorder ကိုပိတ်​ရန်​ ကြိုးစားရမည်​ဖြစ်​ပြီး ​နောက်​ထပ်​ order ပြုလုပ်​ရန်​ ခွင့်​ပြုမည်​မဟုတ်​ပါ။ Margin Call Level 100% ဖြစ်​​ပေါ်မှုသည်​ Equity. နှင့်​ used margin တူလျှင်​ ဖြစ်​​ပေါ်နိုင်​သည်​။
Margin Call Level = 5000USD (equity)/ 5000USD (margin) × 100%
Traders အ​နေဖြင့်​ ထိုအ​ခြေအ​နေ​ရောက်​ခဲ့လျှင် သို့မဟုတ်​ ​ရောက်​ခဲ့သည်​ ရှိ​သော်​ မိမိ Transaction ကိုပိတ်​ရန်​ ကြိုးစားရပါမည်​။ သို့မဟုတ်​ အရှုံးအနည်းဆုံး သတ်​မှတ်​၍ (stop loss) ထား၍ ပိတ်​ရန်​ လိုအပ်​ပါသည်​။ တစ်​နည်းအားဖြင့်​ Transaction ပိတ်​၍ margin နည်း​စေရန်​ သို့မဟုတ်​ Deposit ထပ်​ထည့်​၍ Equity များ​စေရန်​ ကြိုးစားအားထုတ်​ရပါမည်​။ ၎င်းရာခိုင်​နှုန်း ​ရောက်​ခဲ့လျှင် Broker မှသတ်​မှတ်​ထား​သော အချိန်​​နေ့ရက်​အတွင်းမှာ မိမိ transaction အားလုံး​သော်​လည်း​ကောင်း တချို့တ၀က်​ကိုလည်း​ကောင်း ပယ်​ဖြတ်​ခွင့်​ရှိသည်​။ Margin Level နှင့်​ Margin Call Level မှာ မတူညီပါ။
📈 ဆက်လက်ပြီး အသေးစိတ် သိရှိလိုပါက -
Bhone Pyae Sone (BPS - Business Consultant)
Nature Forex International Consultant Co.Ltd
ဖုန်း 09-447751005 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Today Signals Trading View

https://www.tradingview.com/x/jZfFjtKe/