Saturday, February 16, 2019

Trading Styles ၄မျိုးထဲကမှ Day Trading Vs Swing Trading အကြောင်း


Day Trading ကတော့ လူကြိုက် အများဆုံး အမျိုးအစားပါပဲ။ Entry တစ်ခုကို နေ့ချင်းအပြတ် Trade တဲ့ပုံစံပါ။ Day trader တွေဟာ ညအိပ်ချိန်တွေမှာ ဖြစ်လာနိုင်တဲ့ မလိုလားအပ်တဲ့ Risk တွေကို ရှောင်ရှားရန်အတွက် Entry တွေကို နောက်တနေ့ မပါသွားအောင် Trade ကြခြင်းဖြစ်ပါသည်။ Swap ကြေးလည်း မပေးရတော့ပါဘူး။ Entry တစ်ကြောင်းရဲ့ ကြာချိန်က မိနစ်ပိုင်းမှ နာရီပိုင်းအတွင်းမှာသာ ရှိပါတယ်။ Day trader တွေဟာ scalper တွေလို မြန်မြန် entry ဝင်ရတာမျိုး မဟုတ်ပဲ
အခွင့်ရေးတစ်ခုရရှိအောင် စောင့်ဆိုင်းလေ့ရှိကြပါတယ်။ စိတ်ပါဝင်စားမှု အားကောင်းကောင်းနဲ့ Chart ကို စောင့်ကြည့်တတ်ကြပါတယ်။ Day trader အများစုကတော့ Wave တွေကို စောင့်ပြီး Trade ကြတာပဲဖြစ်ပါတယ်။ Time Frame ကတော့ H1 or H4 ဖြင့် Chart ကိုကြည့်ပြီး Trade ကြတာပါ။ Profits လည်း များပါတယ်။

Swing Trading ကတော့ entry တစ်ခုကို ရက်အနည်းငယ် သို့မဟုတ် တစ်ပါတ်လောက်ကို စိတ်ရှည်စွာ စောင့်ဆိုင်းပြီး profits များများ အရယူတဲ့ နည်းလမ်းပါ။ Trend ကို သေချာရေးဆွဲပြီးမှ trade ရခြင်းသည် trading style ရဲ့ အဓိက အချက်ဖြစ်ပါတယ်။ Profits ကို များများရရှိဖို့ ရည်ရွယ်ချက်ကလဲ Day trading ထပ် Profits ပိုများပြီး trend သွားသလောက် profits တွေပိုမိုရရှိနေမှာပါ။ Day trading နဲ့ ကွာခြားချက်ကတော့ Overnight Risk တွေနဲ့ ရင်ဆိုင်နိုင်ရမှာပါ။ Swing trader တွေရဲ့ အားသာချက်ကတော့ Market ကို Day Trading လို အချိန်အများကြီးပေးပြီး စောင့်ကြည့်နေစရာမလိုအပ်တာပါ။ Forex Market အပြင် တစ်ခြားသောစီးပွားရေး အလုပ်အကိုင်တွေမှာ လုပ်ကိုင်နေတဲ့သူတွေအတွက်တော့ Swing Trading Style ကို ရွေးချယ်သင့်ပါတယ်။ Swing trader တွေအနေနဲ့ market ကို အချိန်ပေးပြီး မကြည့်နိုင်ရင်တောင်မှ fundamental နဲ့ technical changes တွေကို up to date တော့ သိထားရပါမယ်။ သို့ပေမယ့် မိမိအကောင့်ဟာ Risk ခံနိုင်ဖို့အတွက်တော့ အကောင့်ကြီးသမားများမှ အဆင်ပြေမှာပါ။ အကောင့်သေးတဲ့ Trader တွေအနေနဲ့ Swing ကို မရွေးချယ်သင့်ပါဘူး။ (ဆက်လက်ပြီး နောက်ဆုံးတစ်ခုဖြစ်တဲ့ Position trading အကြောင်းကို မကြာခင်ဖော်ပြပေးသွားပါမည်။)
အရောင်းအဝယ်နှင့်ရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်၍ အသေးစိတ်သိလိုပါက မေးမြန်းနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက -
Bhone Pyae Sone (Business Consultant)
Nature Forex International Consultant Co.Ltd (NFX) ဖုန်း 09-447751005 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Today Signals Trading View

https://www.tradingview.com/x/jZfFjtKe/