Saturday, March 9, 2019

7 Laws of Personal Growth



Law 1 - Know Yourself
သင့်ကိုယ်သင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် သင့်ကိုယ်သင်သိကို သိဖို့လိုပါတယ်။ သင်ကိုယ်သင် ဘာတွေသိထားရမှာလဲ ? သင်ကိုယ်သင်သိထားဖို့လိုတဲ့ အကြောင်းအရာတွေကိုရော သင်သိပြီးပြီလား...?
Law 2 - Set Clear Goal
သင့်မှာ သင့်ဘ၀အတွက် တိကျတဲ့ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ပြီးပြီလား။ ဘ၀အတွက် ရည်မှန်းချက်မရှိရင်တော့ ဘ၀က ပင်လယ်ပြင်မှာ တက်မပါဘဲလွင့်မျောနေတဲ့ လှေငယ်လေးလိုဖြစ်သွားပါလိမ့်မယ်။ ဘ၀အတွက် တိကျသေချာတဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ပြီးပြီလား...?
Law 3 - Change Your Environment
ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် သင့်ပါတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ သင်ငယ်ငယ်က ကျေးညီနောင် ပုံပြင်လေးကိုကြားခဲ့ဘူးမှာပါ။ သင့်ပါတ်ဝန်းကျင်မှာရှိနေတဲ့ အဆိုးမြင်ဝါဒီတွေကို ဘယ်လိုရှောင်ကျဉ်မလဲ...?
Law 4 - Change Yourself
အခြားသူတွေက သင့်ကိုအတင်းအကျပ်ပြောင်းလဲပေးလို့မရပါဘူး။ သင်ကိုယ်တိုင်ပြောင်းလဲချင်မှ ပြောင်းလဲမှာပါ။ သင့်ရဲ့ပန်းတိုင်ကို ရောက်ရှိဖို့ဆိုရင် ကိုယ်မှာပြောင်းလဲရမယ့်အရာတွေက ဘာတွေဖြစ်မလဲ။ ဘယ်လိုပြောင်းလဲရမလဲဆိုတာကိုရော သင်သိပြီးပြီလား...?
Law 5 - Take Your Goal
တိကျတဲ့ပန်းတိုင်တွေက ချမှတ်ထားတာနဲ့ သင့်ဆီကို ရောက်ရှိလာမှာ မဟုတ်ပါဘူး။ သင်ကိုယ်တိုင် အစီအစဉ်တွေရေးဆွဲပြီး ကြိုးစားယူရမှာ။ သင့်ပန်းတိုင်ဆီကို ရောက်ရှိအောင်လုပ်ဆောင်ရမည့် နည်းလမ်းတွေကို ချမှတ်ပြီးပြီလား...?
Law 6 - Face the Fear
သင်အလုပ်လုပ်ပြီဆိုရင်တော့ ကြောက်ရွံ့မှုတွေ၊ ကျရှုံးမှုတွေကို သေချာပေါက်ရင်ဆိုင်ရမှာပါ။ တစ်ခါမှမကျရှုံးဘူးတဲ့သူဟာ တစ်ခါမှအလုပ်မလုပ်ဘူးသေးတဲ့သူတွေပါ။ သင်ဘယ်လိုကြောက်ရွံ့မှုတွေကို ရင်ဆိုင်ရမှာလဲ။ ရင်ဆိုင်ဖို့ရော သင်ရဲ့စိတ်အခြေအနေက အဆင်သင့်ဖြစ်နေပြီလား...?
Law 7 - Help Other
သင်အောင်မြင်ချင်တယ်ဆိုရင် အခြားသူတွေကို စိတ်ရင်းစေတနာထားပြီ ကူညီပေးဖို့လိုပါတယ်။ သင်ကရဖို့ပဲ စဉ်စားနေရင်တော့ သူတို့ကသင့်ဆီကို နောက်တစ်ခေါက်ပြန်လာမှာ မဟုတ်ပါဘူး။ သင်မရှိတော့တဲ့အခါမှာ သင့်ကိုဘယ်လိုမြင်စေချင်လဲ...?

-BPS-

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Today Signals Trading View

https://www.tradingview.com/x/jZfFjtKe/