တစ်ချိန်က ဂျက်မား ဒီလို ဆင်းရဲ မွဲတေပြီး စုတ်ပြက် သက်နေတဲ့ ကလေးလေး တစ်ယောက်ဟာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံး လူတစ်ယောက် ဖြစ်လာမှာလားလို့ အဲဒီအချိန်က မိတ်ဆွေကိုမေးခဲ့ရင် ဘယ်လိုပြန်ဖြေမှာလဲ...?
ဒါပေမယ့် အခုချိန်မှာ သူဟာ အရှေ့တောင် အာရှမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေပြီဆိုတာ မိတ်ဆွေ သိမြင်ကြားသိနေမှာပါ...
သူရဲ့ စိတ်ဓာတ်တွေကို မိတ်ဆွေတို့ အတုယူစေချင်တယ်။ ကျနော်ကိုယ်တိုင်လည်း အတုယူ နှလုံးသွင်းထားပါတယ်...
"မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ဓာတ်တွေကို မိတ်ဆွေရဲ့ ခေါင်းထဲကနေ မောင်းထုတ်ပစ်လိုက်ပါ၊ မဖြစ် ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ် ကိုသာ မိတ်ဆွေရဲ့ ခေါင်းထဲမှာ ထည့်ထားပါ။ လောကမှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိပါဘူး။ မဖြစ်သေးတာဘဲ ရှိသေးတာပါ။
ကိုယ်ဖြစ်ချင်တဲ့ နေရာကိုရောက်ဖို့ အချိန်ကြာမှာရယ် သို့မဟုတ် အချိန်မြန်မှာရယ် နှစ်ခုထဲကမှ မိတ်ဆွေက ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှိဖို့ဘဲလိုတယ်။ မိတ်ဆွေ လိုချင်တဲ့ ပန်းတိုင်ကို တစ်နေ့နေတော့ ရောက်ကို ရောက်ပါလိမ့်မယ်။ ဆက်ကြိုးစားပါ..."
မဖြစ်နိုင်ဘူးဆိုရင် အခုချိန်မှာ လူ အယောက် 500 လောက် သယ်ဆောင်ပြီး လေပေါ်မှာ ပျံသန်းနိုင်တဲ့ လေယာဉ်ဆိုတာ မိတ်ဆွေတို့ စီးဖို့ မပြောနဲ့ မြင်တောင် မြင်ဖူးမှာ မဟုတ်ဘူး။ ဒါပေမယ့် ရိုက်ညီနောင်က ရအောင် တီထွင်ခဲ့တယ်။
မဖြစ်နိုင်ဘူးဆိုရင် အခုချိန်မှာ မိတ်ဆွေတို့ဟာ ကမ္ဘာရဲ့ အမှောင်မိုက်ဆုံး ညမှာ ဆီမီးခွက်နဲ့ဘဲ နေထိုင်နေရမှာပါ။ ဒါပေမယ့် သောမတ်စ် အက်ဒီဆင်က မီးလုံးကို ရအောင် တီထွင်ခဲ့တယ်။ လွယ်လွယ်လေး ရလိုက်တယ်လို့တော့မထင်ပါနဲ့။ အကြိမ်ရေ တစ်သောင်း
ရှုံးနိမ့်ခဲ့တာတောင် လက်မလျော့ခဲ့ပါဘူး။ သူရဲ့ ဇွဲ၊ လုံ့လ ရှိမှုကြောင့် မိတ်ဆွေတို့ ကျနော်တို့ အခုချိန်မှာ ကမ္ဘာ့အမှောင်ဆုံးညမှာ အလင်းရောင် ပေးနေတဲ့ မီးလုံးကို သူ တီထွင်ခဲ့တယ်ဆိုတာ မမေ့နဲ့...
ဒီလောက်ပါပဲဗျာ... ပြောချင်တာက ဘယ်အရာမဆို ကြိုးစားလိုက်ပါ။ ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှိရှိ စိတ်ဓာတ်မကျပါနဲ့။ လောကကြီးထဲက မိတ်ဆွေတို့၊ ကျနော်တို့ ထွက်ခွာသွားတဲ့အခါ အကောင်းဆုံး အရာတွေ ချန်ထားခဲ့နိုင်အောင်လို့ ကြိုးစားကြည့်ပါ။ လုပ်ဆောင်ကြည့်ပါ။ ရင်းနှီးမြှုပ်နှံကြည့်ပါ။ စိတ်ရှည်ပါ။ သီးခံပါ။ လောဘဆိုတဲ့အရာကို အရမ်းကြီး မထားပါနဲ့။ ဘယ်အလုပ်မဆို စေတနာနဲ့ လုပ်ကိုင်ပါ။ ကိုယ်ရနေဖို့အတွက် မကြည့်ပါနဲ့။ ကိုယ့်ပတ်ဝန်းကျင်ကောင်းနေမှ ကိုယ်လည်း ကောင်းနေမှာဖြစ်ပါတယ်။
ငါ ဒီလုပ်ငန်းကို လုပ်ကိုင်ရင် မဖြစ်နိုင်ဘူး၊ ငါနဲ့ အဆင်ပြေမှာ မဟုတ်ဘူး။ ငါ ဒီလုပ်ငန်းကို လုပ်ရင် ရှုံးသွားမလား ဆိုတဲ့ အတွေးကို မိတ်ဆွေရဲ့ ခေါင်းထဲကနေ အခုချိန်ကနေစပြီး ဖယ်ထုတ်လိုက်ပါ။
BPS

No comments:
Post a Comment
Note: Only a member of this blog may post a comment.