အတိတ်မှာ အမှားတွေ လုပ်ခဲ့ မိသလား?
အတိတ်မှာ ကျရှုံးမှုတွေ ရှိခဲ့ဖူးသလား?
အတိတ်မှာ ပျော်ရွှင်မှုတွေ ရှိခဲ့သလား?
အတိတ်မှာ စိတ်ဓာတ်ကျမှု တွေ ရှိခဲ့သလား?
အတိတ်မှာ ကျရှုံးမှုတွေ ရှိခဲ့ဖူးသလား?
အတိတ်မှာ ပျော်ရွှင်မှုတွေ ရှိခဲ့သလား?
အတိတ်မှာ စိတ်ဓာတ်ကျမှု တွေ ရှိခဲ့သလား?
အဲဒီတော့ ကိုယ့်ကိုကို မေးခွန်းတစ်ခုမေးပါ...
အဲဒီ အတိတ်တွေက အခုချိန်မှာ အသုံးဝင်ရဲ့လား?
အဲဒီ အတိတ်တွေက အခုချိန်မှာ အသုံးဝင်ရဲ့လား?
မင်းရဲ့ အိမ်မှာ ရှိတဲ့ ထိတွေ့လို့ရတဲ့ အသုံးမဝင်တဲ့ အရာတွေကို မင်း အသုံးပြုသေးလား? ထိတွေ့လို့ ရတဲ့ အရာတွေကို တောင် မင်းမသုံးတော့ဘူးဆိုရင် ထိတွေ့လို့ မရတဲ့ မင်းရဲ့ အသုံးမဝင်တော့တဲ့ အတိတ်ကို မင်း ဘာကြောင့် ဆုပ်ကိုင်ထားတာလဲ?
ဒီနေ့ ကစပြီး ရုန်းထွက်လိုက်ပါတော့...
"အောင်မြင်ဖို့ အရင်မကြိုးစားပါနဲ့၊ အတိတ်က ရုန်းထွက်ဖို့ အရင်ကြိုးစားပါ။"
"အောင်မြင်ဖို့ အရင်မကြိုးစားပါနဲ့၊ အတိတ်က ရုန်းထွက်ဖို့ အရင်ကြိုးစားပါ။"
အခုချိန်မှာ ပြန်စဉ်းစားပါ....
အတိတ်က ငါ့ကို ဆွဲထားတာလား?
ငါက အတိတ်ကို ဆွဲထားတာလား?
အတိတ်က ငါ့ကို ဆွဲထားတာလား?
ငါက အတိတ်ကို ဆွဲထားတာလား?
အတိတ်က မရုန်းထွက်နိုင်တာလဲ မင်းကြောင့်ပဲ။ ပစ္စုပ္ပန်မှာ မအောင်မြင်သေးတာလဲ မင်းကြောင့်ပဲ။ မင်းဘဝရဲ့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ တော်တော်များများက မင်းကြောင့် ဖြစ်နေတယ်ဆိုတာ မမေ့ပါနဲ့။ မင်း အောင်မြင်ဖို့ အတွက် မင်းရဲ့ အတိတ်ကို အသုံးပြုတတ်မယ်ဆိုရင် မင်းရဲ့ အတိတ်ကို ပြန်တွေးရမဲ့ အကြောင်း အရာတစ်ခုတော့ ရှိတယ်။ မင်းရဲ့ ပျော်ရွှင်ခဲ့တဲ့ အတိတ်တွေက မင်း အနာဂတ် အောင်မြင်ဖို့ ဘယ်တော့မှ တွန်းအားပေးမှာ မဟုတ်ပါဘူး။ မင်းရဲ့ ကျရှုံးခဲ့တဲ့ အတိတ်တွေကပဲ မင်းဘဝ အောင်မြင်ဖို့ တွန်းအားပေးလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ မင်း အတိတ်တုံးကလို ကျရှုံးချင်မှာ မဟုတ်ပါဘူး။
မင်း အောင်မြင်ချင်ရင်...
မင်း ကျရှုံးခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားပါ။ တကယ်လို့ မင်းဟာ ကျရှုံးတာကို မုန်းနေတဲ့ သူဆိုရင် မင်းအောင်မြင်ဖို့ နှစ်ဆ ကြိုးစားလိမ့်မယ်။ အဲဒီတော့ အောင်မြင်ချင်ရင် အတိတ်ကနေ ရုန်းထွက်နိုင်အောင် ကြိုးစားပါ။ ဘဝမှာ ရွေးချယ်ခွင့် အများကြီး ရှိပါတယ်။ ဘဝကို စာပေ ဖတ်ရှုမှုတွေ၊ ဗဟုသုတတွေနဲ့ အမြဲတမ်း မြှင့်တင်ပါ။

ကျွန်တော့်ရဲ့ လက်ကိုင်စကား တစ်ခုကတော့...
"အလုပ်မရှိရင် စာဖတ်ပါ။ စာဖတ်လို့ ပိုက်ဆံ မရပေမဲ့
ပိုက်ဆံရှာဖို့ အတွေးအခေါ်တွေ ရလာလိမ့်မယ်။ ပြီးရင် ကိုယ့်အလုပ်ကို စိတ်အာရုံ အပြည့်ထည့်ပြီး လုပ်ဆောင်ပါ။"
-BPS-
ပိုက်ဆံရှာဖို့ အတွေးအခေါ်တွေ ရလာလိမ့်မယ်။ ပြီးရင် ကိုယ့်အလုပ်ကို စိတ်အာရုံ အပြည့်ထည့်ပြီး လုပ်ဆောင်ပါ။"
-BPS-

No comments:
Post a Comment
Note: Only a member of this blog may post a comment.