Saturday, March 9, 2019

သင် ဘာလို့ ထွန်းထွန်းပေါက်ပေါက် မဖြစ်သေးတာလဲ?



၁။ ဆင်ခြေ အရမ်းများတယ်...
တစ်ခုခုကို မလုပ်ချင်ရင် ၊ လုပ်လိုစိတ် မရှိရင် အကြောင်းပြချက်တွေ၊ ဆင်ခြေတွေ ရာထောင်မက ရှာတွေ့နိုင်ပါတယ်။ တကယ့် လုပ်ချင်တဲ့ လူတွေ အတွက်ကျတော့ နည်းလမ်း အမြဲရှာတွေ့ပါတယ်...
၂။ တစ်ခုခုကို အမြဲကြောက်တယ်...
ဆုံးရူံးမှာ ကြောက်တယ်။ ဂုဏ်ငယ်မှာ ကြောက်တယ်။ သူများ ဟားမှာကို ကြောက်တယ်။ အဆင်မပြေမှာ ကြောက်တယ် ။ ခေတ်ပျက်မှာကို ကြောက်တယ် စသဖြင့် ကြောက်ခြင်းများစွာနဲ့ ဘယ်တော့မှ အကြောက် သံသရာကနေ ရုန်းမထွက်တော့ပါဘူး...
၃။ သင်ယူဖို့ ငြင်းဆန်တယ်...
လုပ်လည်း မလုပ်တတ်ဘူး၊ သင်ဖို့လည်း အချိန် မပေးချင်ဘူး။ ပိုက်ဆံ တော့ များများ ရချင်တယ် ။ အခု ရေတွင်းတူး၊ အခု ရေကြည် သောက်ချင်ကြတယ်...
၎။ ချီတုံ ချတုံ ဖြစ်တယ်...
နားယောင် လွယ်တယ်။ သူများကို အကြံ တောင်းလွန်းတယ်။
ဟိုလိုလို ဒီလိုလို ချီတုံ ချတုံ ဖြစ်တတ်တယ်။
၅။ အချိန်ဆွဲတယ်...
မပြီးဆုံးနိုင်တော့တဲ့ မနက်ဖန်များစွာနဲ့ ဘယ်တော့မှ မစ ဖြစ်တော့ပါဘူး...
၆။ ကောက်ရိုးမီးဆန်တယ်၊ အဖျားရူးတယ်...
ဘာလုပ်လုပ် အစပိုင်း အရမ်းတက်ကြွတယ်။ ကောက်ရိုးမီးလိုပါပဲ၊ ခဏလေး တောက်တယ် အဖျား ရူး ရူးသွားတယ်...
၇။ သူများ ငြင်းဆိုမှာကို အမြဲစိုးရိမ်တယ်...
သူများ No ပြောမှာကို အရမ်း ကြောက်တယ်။ အရမ်း စိုးရိမ်ကြီးတယ်။ မစခင်မှာပဲ လက်လျှော့ကြတယ်...
-BPS-

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Today Signals Trading View

https://www.tradingview.com/x/jZfFjtKe/