Monday, March 18, 2019

ကမ္ဘာ့ရွှေဈေးကွက်နှင့် ပတ်သက်၍ သိသင့်သည့် အကြောင်းအရင်း....


ကမ္ဘာ့ရွှေဈေးကွက်ဆိုတာ ဘာကြီးလည်းဆိုတာကို အရင်ရှင်းမပြခင် သူ့ရဲ့ မြစ်ဖျားခံရာ Forex Market ဆိုတာကြီးကို အရင် ရှင်းပြချင်ပါတယ်။ အဲ့ဒါကြီးကကော ဘာကြီးလည်းပေါ့။ အရင်ဆုံး FOREX ဆိုတဲ့ စာလုံးကို ရှင်းပြချင်ပါတယ်။ အရှေ့က FOR က Foreign ကို ပြောတာဖြစ်ပြီး နောက်က EX ကတော့ Exchange လို့ အဓိပ္ပာယ်ရပါတယ်။ နှစ်ခုပေါင်းရင် Foreign Exchange (နိုင်ငံခြားငွေကြေးလဲလှယ် ရောင်းဝယ်)တဲ့ ဈေးကွက်ကြီးပါ။ အဲ့ဒီ့ ဈေးကွက်ကြီးဟာဘယ်လောက်တောင် ကြီးသလဲဆိုရင် American ရဲ့ New York Stock Exchange ဟာ တစ်ရက်မှာ 22.4 Billon အရောင်းအ၀ယ်ဖြစ်နေချိန်မှာ Forex Market မှာ တစ်ရက်ကို 5.3  Trillion လောက် အရောင်းအ၀ယ်ဖြစ်နေပါတယ်။ ဒါကြောင့် ကမ္ဘာ့ အကြီးဆုံး စတော့ ဈေးကွက်ဖြစ်တဲ့ New York Stock Exchange ထက် အဆ ၂၀၀ လောက် ပိုပြီးကြီးမားပါတယ်။ ဒါကြောင့် ခိုင်မာတဲ့ ဈေးကွက်တစ်ခုလို့ ဆိုရမှာပါ။ အဲ့ဒီ Forex Market ထဲမှာမှ တစ်ကမ္ဘာလုံး ဆိုင်ရာငွေကြေးတေအပြင် ကျွန်တော့တို့ အခုအရောင်းအ၀ယ် လုပ်နေတဲ့ Gold လည်း ပါဝင်ပါတယ်။ဒါကြောင့် ကမ္ဘာငွေကြေးဈေးကွက် ကမ္ဘာ့ရွှေ ဈေးကွက်ကြီးလို့လည်း ခေါ်ဆိုနိုင်ပါတယ်။
ဘာကြောင့် ကမ္ဘာ့ရွှေဈေးကွက်မှာ အရောင်း/အ၀ယ် လုပ်သင့်သလဲ ဆိုတဲ့ အချက်တွေများစွာ ရှိတယ်။ အဲ့ဒီထဲက အချို့ အချက်တွေကို ရွေးထုတ်ပြီး ပြောပြပေးပါမယ်။
ပထမ တစ်ချက်က Leverage (ဆတိုးရောင်းဝယ်မှု) ကြောင့်ပါ။ Leverage ဆိုတာက မိမိထဲမှာ ရှိတဲ့ ငွေပမာဏ တစ်ခုထက်ပိုပြီး အရောင်းအ၀ယ်လုပ်လို့ရအောင် ဆောင်ရွက်ပေးတာပါ။ Leverage အမျိုးမျိုးရှိပါတယ်။ Leverage အချိုးက 1:100 /1:500 1:1000 /1:3000 လောက်ထိ ရှိပါတယ်။ 1:100 Leverage နဲ့ ဥပမာ ပေးပါမယ်။ မိတ်ဆွေအနေနဲ့ အရင်းနှီး ၁၁ သိန်းလောက်နဲ့ မြန်မာရွှေဈေးမှာ အရောင်းအ၀ယ်လုပ်မယ်ဆိုရင် ၁ ကျပ်သားကျော်ကျော်သာ အရောင်းအ၀ယ် လုပ်နိုင်မှာဖြစ်ပြီး အကျိုးအမြတ်ဟာလည်း တစ်ကျပ်သားရဲ့ အကျိုးမြတ်ကိုသာ ရရှိမှာဖြစ်ပါတယ်။ ၁၀ ကျပ်သား အကျိုးအမြတ်ကို လိုချင်ရင်တော့ ၁၀ ကျပ်သား အရင်းအနှီးရှိမှ အရောင်းအ၀ယ်လုပ်နိုင်မှာ ဖြစ်တယ်။ (မှတ်ချက် ပြင်ပ ဈေးကွက်မှာ Leverage မရှိပါ။ Forex မှာ Leverage ရှိပါသည်။ ရှုံးမြန် မြတ်မြန်ပါသည်။ Risk ကို အဓိက နည်းအောင်လုပ်ပါ။ Leverage က အသွား ၂ဖက်ပါတဲ့ ပလိတ်ဒါးပါ)။ သို့သော် မိတ်ဆွေ အနေနဲ့ ကမ္ဘာ့ရွှေဈေးကွက်မှာ အရောင်းအ၀ယ် လုပ်မယ်ဆိုရင်တော့ ၁ကျပ်သား အရင်းအနှီးရှိရုံဖြင့် ၁ပိဿာ၏ အကျိုးအမြတ်ကို ခံစားနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ 1:100 (၁ကျပ် ရင်းပြီး ၁၀၀ ဖိုးဝယ်ရောင်းလုပ်လို့ ရတယ်ဆိုတဲ့အရာတွေကြောင့်ပါ။ မိမိရွေးချယ်မှုမှန်ပါက ပိုမိုမြန်စွန်းနိုင်ပြီး အလုံးစုံလွဲပါက မိမိထည့်ထားသောငွေထက် မရှုံးပါ)။ ဥပမာ- မိတ်ဆွေ အနေနဲ့ ၁ကျပ်သားမှာ ၅၀၀၀ ကျပ် မြတ်တယ်ဆိုပါတော့ ကျွန်တော်တို့ 1:100 Leverage ကြောင့် မိတ်ဆွေ အနေနဲ့ ၅သိန်းမြတ်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာ အရောင်းအ၀ယ် လုပ်တာ Risk ကြီးကြီးမားမားရှိပြီး အရင်းအနှီး အများအပြားရှိရန် မလိုအပ်ဘူးဆိုတာ အခုပြောပြတဲ့ Leverage ကြောင့်ပါ။ Leverage အမျိုးမျိုးကြောင့် Leverage ပေါ်မူတည်ပြီး မိမိဖွင့်သောအော်ဒါအရွယ်အစားကြောင့် အကျိုးအမြတ်ဆုံးရှူံးမှုလည်း ပြောင်းလဲမှု ရှိကြပါတယ်။ Leverage ကြောင့် အမြတ်ရရှိမှု ကြီးမား နိုင်သလို မိမိရောင်းဝယ်မှု ပမာဏကြီးမားခြင်းကြောင့် လွဲမှားသော Market ဆန့်ကျင်ဘက်ဖြစ်ပါက အရှုံး ကြီးမားနိုင်တာကိုတော့ သတိပြုသင့်ပါသည်။ (မှတ်ချက် Trading လုပ်သောငွေမှာ ငွေပူမဖြစ်ရပါ။)
နောက်တစ်ချက်ကတော့  Liquidity ကောင်းတဲ့ အတွက်ကြောင့်ပါ။ Liquidity ဆိုတော ငွေဖြစ်လွယ်မှု မြန်ဆန်တာ၊ ၀ယ်ရ၊ ရောင်းရ လွယ်ကူတာကို ဆိုလိုတာပါ။ ဥပမာ-အိမ်၊ ခြံ၊ ကား၊ စတော့ တွေကို ရောင်းဝယ်မယ်ဆိုရင် ကိုယ်လိုတဲ့အချိန် ချက်ချင်း အရောင်းအ၀ယ် လုပ်လို့ မရပါဘူး။ ဈေးတက်နေပေမယ့်  ရောင်းချင်သူက ၀ယ်မယ့်သူရှိမှ ၀ယ်ချင်တဲ့သူက ရောင်းမယ့်သူရှိမှ အရောင်းအ၀ယ်ဆိုတာ ဖြစ်မှာပါ။ ကမ္ဘာ့ရွှေဈေးကွက်မှာကတော့ ဘယ်လောက်ကြီးတဲ့ အရေအတွက်ပဲ ဖြစ်ဖြစ် လက်ရှိပေါက်ဈေးအတိုင်း ချက်ချင်းရောင်းဝယ် လို့ရပါတယ်။ ၀ယ်သူ/ ရောင်းသူ လိုက်ရှာနေစရာမလိုဘဲ click တစ်ချက်နဲ့ စက္ကာ့န်ပိုင်းအတွင်း ၀ယ်ရောင်းလုပ်နိုင်ပါတယ်။
နောက်ပြီး တနင်္လာနေ့မှ သောကြာနေ့ အတွင်း ၂၄ နာရီလုံး ကြိုက်တဲ့ အချိန်မှာ Phone (သို့) Computer တစ်လုံးနဲ့ Internet ရှိယုံဖြင့် စိတ်ကြိုက် ရောင်းဝယ်နိုင်ပါတယ်။ ဘယ်နေရာရောက်ရောက် အင်တာနက် ရှိရင်လုပ်လို့ရပါပြီ။
ဒီ Market ကြီးမှာ ဘယ်သူတွေပါဝင်သလဲဆိုရင် World Bank ကြီးတွေ၊ ကြီးမားတဲ့ စီးပွားရေး Companies တွေ၊ အစိုးရရဲ့ ဗဟိုဘဏ်ကြီးတွေ၊ Hedge Fund တွေ၊ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေ၊ တစ်ခြား ကျွန်တော်တို့လို လက်လီ လက်ကားရောင်း ၀ယ်နေသူတွေ အကုန်လုံးပါဝင်ပါတယ်။ ကျွန်တော်တို့ ငွေလဲကောင်တာတွေမှာ ငွေလဲလှယ်ရောင်းဝယ်တာနဲ့တင် ကျွန်တော်တို့ဟာ ဒီ Market ကြီးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်တော်တို့ ကိုယ်တိုင်တောင် ပါမှန်းမသိ ပါဝင် သွားပါတယ်။ ကျွန်တော်တို့လို လက်လီအရောင်းအ၀ယ် လုပ်သူတွေ (တစ်နိုင်တစ်ပိုင် အရောင်းအ၀ယ် လုပ်သူတွေ) ရဲ့ တစ်ရက် ပျမ်းမျှ အရောင်းအ၀ယ်လုပ်တဲ့ ပမာဏကိုက 1.49 Trillion လောက်ရှိပါတယ်။ ဒီ Market ဟာ ၀ယ်ရရောင်းရ လွယ်ကူတဲ့ Over-the-Counter (OTC) စနစ်နဲ့ အလုပ်လုပ်ပါတယ်။Market တစ်ခုလုံးကို Network စနစ်နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်တွေ အချင်းချင်း လည်ပတ်ပြီး ၂၄ နာရီလုံး အလုပ်လုပ်နေတာ ဖြစ်တဲ့ အတွက်ကြောင့် အလွန်ကျယ်ပြန့်ပြီး ဗဟိုချုပ်ကိုင်မှု မရှိတဲ့ဈေးကွက်ကြီးလို့လည်း ဆိုနိုင်ပါတယ်။ (No Central Market)
ဒါကြောင့် ဒီဈေးကွက်ကို ဘယ်သူမှ၊ ဘယ် အဖွဲ့အစည်းကမှ ချုပ်ကိုင်လို့ မရတဲ့အတွက် ဒီ Market မှာ ဖြစ်ပေါ်နေတဲ့ ဈေးကွက် အတက်အကျတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ Trader တွေရဲ့ ၀ယ်လိုအား၊ ရောင်းလိုအားပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ ဒီ Market ထဲမှာ စိတ်ချယုံကြည်စွာ အရောင်းအ၀ယ်လုပ်နိုင်ပါတယ်။(မှတ်ချက် တစ်ခါတစ်ရံ လက်ကြီး Trader တွေရဲ့ Manipulate လုပ်တတ်သည်ကို သတိပြုသင့်ပါသည်။ သူတို့လည်း ရေရှည်မထိန်းချုပ်နိုင်ပါ။ အားလုံးက Speculator (အတက်အကျအကျိုးအမြတ်ယူလို့)
ဒီဈေးကွက်ဟာ ၂၄ နာရီလုံး ဖွင့်ထားတယ်ဆိုပေမယ့်လို အမြဲတမ်း Active  ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဈေးဟာ အရမ်းလှုပ်ခတ်မှု (Volatine) နည်းပါးတဲ့ အခါမျိုးတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဈေးအတက်အကျတွေမှာ ရောင်းဝယ်ကြပြီး အမြတ်ယူမှာဖြစ်တဲ့ အတွက် ဈေးငြိမ် နေချိန် တွေ မှာတော့ အမြတ်ယူဖို့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့်မို့ ဘယ်အချိန်တွေမှာ ဈေးကွက်ဟာ Active ဖြစ်တယ်ဆိုတာ သိထားမှာ မိမိရဲ့ Trading Time ကို အကျိုးရှိစွာ အသုံးချနိုင်မှာဖြစ်ပါတယ်။ အရင်ဆုံး  Market ဟာ ၂၄ နာရီအတွင်းမှာ ဘယ်လို လည်ပတ်နေတယ်ဆိုတာ ရှင်းပြချင်ပါတယ်။ တစ်နေ့တာရဲ့ ၂၄ နာရီကို အပိုင်း ၄ ပိုင်းခွဲခြားထားပါတယ်။ Syndey Session, Tokyo Session, London Session, NewYork Session တို့ဘဲဖြစ်ပါတယ်။ မနက်ပိုင်း Syndey Session နှင့် Tokyo Session ကို Asia Session လို့သတ်မှတ်ပြီး နေ့လည် London Session ကို Euro Session / ညဘက် New york Session ကို US Session ဆိုပြီး ၃ မျိုး သတ်မှတ်ပါသည်။
ပုံမှန်အားဖြင့် ဈေးကွက် အလှုပ်အခတ်များတဲ့ အချိန်တွေက Euro Session နဲ့ US Session တို့ ဈေးကွက်ထပ်တဲ့ အချိန်တွေဖြစ်ပါတယ်။ မြန်မာ့ စံတော်ချိန်အားဖြင့်တော့ ည ၇ နာရီနဲ့ ၁၂ နာရီကြား ကာလတွေဖြစ်ပါတယ်။ (မှတ်ချက် အနောက်နိုင်ငံတွေမှာ Summer Time Winner Time ဆိုတော့ ၁နာရီ ရှေ့တိုးနောက်ဆုတ်ဖြစ်သည်ကိုသတိပြုပါ) ဈေးကွက် နှစ်ခု တစ်ပြိုင်နက်တည်း ဖွင့်တဲ့ အချိန်တွေဖြစ်တဲ့အတွက် ဈေးကွက်ဟာ ၀ယ်လိုအားရောင်းလိုအား များပြီး Active အရမ်းဖြစ်တဲ့ အချိန်ကာလ ဖြစ်ပါတယ်။ Trader အများစုဟာ ဒီအချိန်မှာ ရောင်းဝယ်ပြီး အကျိုးအမြတ်ရှာကြပါတယ်။ ဒါကြောင့် Trading Session Time တွေကိုကြည့်ပြီး အရောင်းအ၀ယ် လုပ်တာကလည်း အားသာချက်တစ်ခု ဖြစ်စေပါတယ်။
-BPS-

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Today Signals Trading View

https://www.tradingview.com/x/jZfFjtKe/