၁။ သာမန်ပဲရှိနေသေးချိန်မှာ အခြေချမပစ်လိုက်နဲ့။ ဆိုလိုချင်တာက ဒီလောက်ဆိုလည်း မဆိုးပါဘူးလေဆိုပြီး မရပ်ပစ်လိုက်နဲ့လို့ပြောတာ။
(Don't settle with being average)
၂။ ပန်းတိုင်တွေထား။ မနက်ခင်းတိုင်းနိုးထဖို့အတွက် အကြောင်းရင်းရှိအောင်လုပ်ထား။ လူတွေက မေ့တတ်တယ်။ ကိုယ်ဘာလိုချင်တာလဲဆိုတာကို ကိုယ့်ကိုကိုယ် ပြန်သတိပေး။
(Set goals )
၃။ အခက်အခဲတွေကိုကျော်ပြီး ပန်းတိုင်ကိုမြင်အောင်ကြည့်။
ပန်းတိုင်ကိုရောက်ဖို့လမ်းကိုပဲမြင်အောင်ကြည့်။ အခက်အခဲတွေကြောင့်စိတ်မပျက်သွားနဲ့။ မတွန့်သွားနဲ့။ တောင်တက်ရတာ ဘယ်တော့မှ သက်တောင့်သက်သာမရှိဘူး။ ဒါပေမယ့် တောင်ထိပ်ပေါ်က မြင်ကွင်းကို တောင်တက်ခဲ့သူတွေပဲ မြင်ရနိုင်တယ်။
(Look for the goals, not the obstacles)
၎။ ခေါင်းမာပါ။ ခက်ခဲမှာပဲ။ ကျရှုံးမှာပဲ။ စိတ်ပျက်စရာကောင်းမှာပဲ။ ဒါပေမယ့် ခေါင်းမာနေမှဖြစ်မယ်။ ရှေ့ဆက်ရဲနေမှဖြစ်မယ်။
(CRAP တွေကို ဂရုမစိုက်နဲ့။ Criticisms (ဝေဖန်မှုတွေ)၊ Rejections (ငြင်းပယ်ခံရတာတွေ)၊ Assholes (မကောင်းတဲ့လူတွေ)၊ Pressures (ဖိအားတွေ)
(Persistence)
၅။ ကိုယ့်နားမှာ ကြိုးစားနေတဲ့သူတွေနဲ့ဖွဲ့စည်းပါ။ ကိုယ်ဟာ ကိုယ်အချိန်ဖြုန်းလေးရှိတဲ့ ကိုယ့်နားက အရင်းနှီးဆုံးလူ (၅)ယောက်ရဲ့ ပျမ်းမျှအခြေအနေပဲတဲ့။ သဘောကတော့ ကိုယ့်နားမှာ ငပိန်းတွေချည်း၊ ငပျင်းတွေချည်းဆိုရင် ကိုယ်လည်း အဲဒီထဲကတစ်ယောက်ဖြစ်ဖို့များတယ်။ ဖောက်ထွက်ဖို့ဆိုရင် ကိုယ့်နားမှာလည်း ဖောက်ထွက်ဖို့ကြိုးစားနေတဲ့သူတွေပဲရှိပါစေ။
(You are the average of 5 people you spend the most time with)
BPS

No comments:
Post a Comment
Note: Only a member of this blog may post a comment.