Forex Trader တစ်ယောက်ဟာ Trade လုပ်ဖို့အတွက် ဈေးကွက်ဖွင့်ချိန်၊ ပိတ်ချိန်များ အပါအဝင် Trade လုပ်ဖို့ သင့်တော်သောအချိန်၊ နေ့ မသင့်တော်သော အချိန်၊ နေ့ များကို သိရှိထားသင့်ပါတယ်။ Forex Trading မှာ အဓိကကျတဲ့ Session လေးခု ရှိပါတယ်။
📌 Sidney ( မြန်မာစံတော်ချိန် နံနက် ၃နာရီခွဲမှ နေ့လည် ၁၂နာရီခွဲ )
📌 Tokyo ( မြန်မာစံတော်ချိန် နံနက် ၅နာရီခွဲမှ နေ့လည် ၂နာရီခွဲ )
📌 London ( မြန်မာစံတော်ချိန် နေ့လည် ၂နာရီခွဲမှ ည၁၁နာရီခွဲ )
📌 NewYork ( မြန်မာစံတော်ချိန် ၇နာရီခွဲမှ နံနက် ၄နာရီခွဲ )
တို့ဖြစ်ကြပါတယ်။
📊 ဈေးကွက်ထဲဝင်ရန် အကောင်းဆုံးနေ့များ...
Trader တစ်ယောက်အနေနဲ့ ဈေးကွက်ထဲ ဝင်ဖို့အကောင်းဆုံးနေ့တွေကတော့ ရက်သတ္တပါတ်တစ်ခုရဲ့ အလယ်နေ့တွေဖြစ်တဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့တွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဟူးနေ့မှာ Trading နဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေအများဆုံးဖြစ်ပြီး Currency ငွေကြေးတွေနဲ့ ပတ်သက်တဲ့ အကောင်းဆုံး အခွင့်အရေးတွေ ရနိုင်ပါတယ်။
🚫 ဈေးကွက်ထဲ မဝင်သင့်သောနေ့များ..
ဈေးကွက်ထဲဝင်ဖို့ ဆင်ခြင်သင့်တဲ့နေ့တွေကတော့ တနင်္လာနေ့နဲ့ သောကြာနေ့နှောင်းပိုင်း တို့ပဲဖြစ်ပါတယ်။
💲Forex Trader တစ်ယောက် မသိမဖြစ်သိသင့်သော Trading Hour များ (Trader တွေဟာ မိမိတို့ရဲ့ Trade တွေကို လက်စသတ်တဲ့အချိန်ဖြစ်လို့ ဈေးကွက်ဟာ ပရမ်းပတာနဲ့ ခန့်မှန်းရအလွန်ခက်ခဲလေ့ရှိပါတယ်။ တနင်္လာနေ့တွေမှာလည်း Trader တစ်ယောက်က Trade လို့တော့ရပေမယ့် စီးပွားရေးလုပ်ငန်းစုတွေနဲ့ Trader တွေဟာ ဈေးကွက်ပိတ်ရာကနေ ပြန်လာကာစဖြစ်တဲ့အတွက် ဈေးကွက်ဟာနှေးကွေးနေတဲ့ လှုပ်ရှားမှု၊ ဈေးကွက် ဝယ်လိုအား/ရောင်းလိုအား နည်းပါးမှုနဲ့ပဲ ရွေ့လျားနေမှာတော့ဖြစ်ပါတယ်။ (နောက်ပြီး တနင်္လာနေ့ဟာ Market Retracement ယူလေ့ရှိတဲ့အတွက် Direction ဟာ အတည်ယူဖို့ မသင့်ပါဘူး။ )
📈 ဈေးကွက်ထဲဝင်ရန် အသင့်တော်ဆုံး အချိန်များ...
London ဈေးကွက်+NewYork ဈေးကွက်နှစ်ခုထပ်သွားသောအချိန် ( မြန်မာစံတော်ချိန် ညနေ ၇နာရီခွဲ မှ ည ၁၁နာရီခွဲ ) သည် ဈေးကွက်လှုပ်ရှားမှု အမြင့်ဆုံးနှင့် ဝယ်/ရောင်းပမာဏအမြင့်ဆုံး ဖြစ်ပါသည်။ Trading Volume အများဆုံး၊ Price Movement အသွားဆုံးအချိန်သည် သင်လိုချင်သော Points ပမာဏရအောင် ပြုလုပ်ရန် အကောင်းဆုံးအချိန်ဖြစ်ပေလိမ့်မည်။
တစ်နေ့တာအလှုပ်ရှားဆုံး Session ကတော့ London Session ပဲဖြစ်ပါတယ်။ London Market ဖွင့်စပထမဆုံးနာရီ၊ London + Tokyo နှစ်ခုပေါင်းထပ်သော အချိန် ( မြန်မာစံတော်ချိန် ၁နာရီခွဲမှ ၂နာရီခွဲ ) သည် အရေးအကြီးဆုံးအချိန်အဖြစ် သတ်မှတ်ကြပါသည်။ ဈေးကွက်၏ လားရာနှင့် လှုပ်ရှားမှု
ကို ထိုအချိန်တွင်ခန့်မှန်းကြသည်။ Sidney နှင့် Tokyo Market Session နှစ်ခုထပ်သော မြန်မာစံတော်ချိန် ၅နာရီခွဲမှ ၁၁နာရီခွဲ သည် Asian Currencies များဖြစ်သော JDY, AUD, CHY စသည့်ငွေကြေးများ Trade လုပ်ရန်သင့်တော်သော အချိန်များဖြစ်ပါသည်။
⛔ ဈေးကွက်ထဲဝင်ရန်မသင့်တော်သော အချိန်များ...
NewYork Session ပိတ်သွားသောအချိန်သည် Market တွင် ဝယ်ရောင်း အားနည်းပါးသွားပြီး Spread များပြားနိုင်ရုံသာမက အရောင်းအဝယ်ပြုလုပ်ရန် ခက်ခဲသော အချိန်ဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
-
ကျွန်တော်တို့ Nature Forex International Consultant Co.Ltd (NFX) သည် Japan နိုင်ငံ၏ ယုံကြည်စိတ်ချရဆုံးဖြစ်သော Broker တစ်ခုဖြစ်ပြီး မြန်မာနို...
-
(19.March.2019) ရက်နေ့မှာ ကမ္ဘာ့ရွှေဈေးကွက်ဟာ လက်ရှိ(မနက်)ဈေး 1302.60 ဖြင့် စတင်ဈေးဖွင့်ကာ 1302 နှင့် 1305 ကြားတွင် ဈေးအတက်အကျ သွားနြေ...
-
ကျနော်၏ Pgae မှ ဈေးကွက်ဖွင့်ချိန်တိုင်း နေ့စဉ် Daily Signals တွေကို တင်ပေးနေမှုအား April လ၊ ၁ ရက်နေ့မှစတင်၍ Post တင်ခြင်းမပြုလုပ်တော့ပဲ ကျ...

No comments:
Post a Comment
Note: Only a member of this blog may post a comment.