Saturday, March 16, 2019

Forex Trading စတင်လုပ်ကိုင်လိုသူများအတွက် အကြံပြုချက်...


Trading လုပ်ငန်းနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားလို့ စတင်လေ့လာနေသူတွေကို အဓိကရည်ရွယ်ပြီး ဖော်ပြပေးတာပါ။ မည်သည့်လုပ်ငန်းမဆို စတင်မလုပ်ကိုင်ခင် လေ့လာချိန်အတွင်းမှာတည်းက မိမိလုပ်ကိုင်မဲ့လုပ်ငန်းရဲ့ Risk & Reward တွေကို သိရှိထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။
ကျွန်တော်တို့ Forex Trading လုပ်ကိုင်နေကြသူတိုင်းနီးပါးရဲ့ မဟာ့မဟာအိပ်မက်တခုဟာ Professional Trader အဖြစ်ရပ်တည်နိုင်ဖို့ပါ။ ကျွန်တော် နားလည်ထားသော Professionalဟူသည်
 "Professional=Successful=Profitable" ပါ။ အဲ့တော့ profitဖြစ်နေတဲ့သူတယောက်ဟာ သူ့အောင်မြင်ခြင်းတခုပါပဲ။
အခု ရေးသားချင်တဲ့ အကြောင်းအရာတွေကလည်း Pro Trader တယောက်ဖြစ်ဖို့အတွက် အခြေခံကျလွန်းလို့ သတိမမူ၊ ဂူမမြင် မေ့လျော့တတ်ကြတဲ့ Steps တွေ၊ Rules & Regulations တွေ၊ Strategies တွေကို Highlight လုပ် မျှဝေပေးသွားမှာပါ။
Develop your Trading Strategy.
Trader အမျိုးအစား (Scalper, Swing, Positional,..)
တွေပေါ် မူတည်ပြီး မိမိအသုံးပြုရာ Stratagy တွေ မတူညီနိုင်ကြပါဘူး။ ဘယ်လိုအမျိုးအစားပဲဖြစ်ပါစေ မိမိအရောင်းအဝယ်ပြုလုပ်တော့မဲ့ Transaction တွေအတွက် Analysis မလုပ်ခင် Clear Vision ဖြစ်နေဖို့ ဦးစွာအရေးကြီးလှပါတယ်။ မိမိဝင်ရမဲ့ Battle အတွက် မိမိကျွမ်းကျင်တဲ့ Weapon လိုအပ်သလို ကိုယ့် Entry တွေရဲ့ Profit အတွက် ကိုယ်နဲ့အသားကျပီး ပိုင်နိုင်လှတဲ့ Strategy တခု မဖြစ်မနေလေ့ကျင့် ဖန်တီးတည်ဆောက်ယူဖို့ လွန်စွာ အရေးကြီးလှပါတယ်။
Do not Overtrade on a Demo Account.
"Practice makes perfect" ဆိုတဲ့အတိုင်း Real Account တခု မစတင်ခင် Demo Account ဟာ ကျွန်တော်တို့ စိတ်ကြိုက်လေ့ကျင့်ယူနိုင်တဲ့ လေ့ကျင့်ရေးကွင်းကြီးတစ်ခုပါ။ အဲ့ဒီမှာ အထူးသတိပြုရမှာက Demo ဆိုပီး လက်လွတ်ခြေလွတ် Plan မရှိ Strategy မရှိဘဲ တကယ့် Real မှာ မပြုလုပ်နိုင်မဲ့ Lot Size တွေကြောင့် ဉာဉ်ဆိုးတခု ကပ်ပါလာတတ်ပါတယ်။ နောက်ပိုင်းမှာ ကိုယ့် Account အတွက် Management မလုပ်နိုင်တော့ဘဲ ဒုက္ခရောက်တတ်ကြပါတယ်။ ဒါကြောင့် ဒီနေရာမှာ ကျွန်တော် အကြုံပြုချင်တာက ဒီလုပ်ငန်းကို တကယ်စိတ်ဝင်စားလာလို့ ရူးသွပ်လို့ တကယ်အောင်မြင်ဖို့အတွက်ဦးတည်ပါတယ်ဆိုရင် Demo ဆိုတဲ့ လေ့ကျင့်ရေးကွင်းမှာ Management ဆိုတဲ့အရာကို သင်ယူနိုင်ပြီးတာနဲ့ အမြန်ဆုံး ကိုယ်ရဲ့ အဆုံးရှုံးခံနိုင်မဲ့ အနည်းဆုံးပမာဏတခုကို Real Account အဖြစ်သို့ ပြောင်းလဲအသက်သွင်းဖို့ တိုက်တွန်းလိုက်ပါတယ်။
How to Be a Successful Trader.
Trader တိုင်းရဲ့မျှော်လင့်ချက်အိပ်မက်တခုပါလို့ ကျွန်တော် ရေးသားပြီးဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်တော် အထက်မှာရေးသားခဲ့တဲ့အတိုင်း Strategy တစ်ခု ချမှတ်နိုင်ပြ Demo မှ Real Account ကိုလည်း ပြောင်းလဲအသက်သွင်းပြီးပြီဆိုရင်တော့ ယခုဖော်ပြမည့် အခြားသောအရေးကြီးလှတဲ့ Tips လေးတွေကို ကြည့်လိုက်ပါ...
(1) မိမိရဲ့ Transaction တိုင်းအတွက် ဖြစ်သင့်တဲ့ Stop-Loss (SL) တခု မဖြစ်မနေထားရှိပေးပါ။ သို့မဟုတ်ရင်တော့ ကျွန်တော်တို့ မမျှော်လင့်ထားတတ်တဲ့ ဆုံးရှုံးမှုပမာဏဟာ ပိုမိုကြီးမားသွားနိုင်ပါတယ်။
(2) Entry မဝင်ခင် သေချာစွာ Analysis လုပ်ပြီးတာနဲ့ မိမိရဲ့ Transaction ကို မိမိယုံကြည်မှုအပြည့်ရှိပါစေ။
(3) မိမိ Trading Plan ကို အမြဲ Develop ဖြစ်အောင် လေ့လာပါ။ Upgrade လုပ်ပါ။
(4) မိမိ Transaction တခုစီအတွက် ဆုံးရှုံးနိုင်မှုပမာဏကို မိမိ Capital ရဲ့ 2%ထက်ကျော်ပီး Risk မယူပါနဲ့။
(5) Personally Emotion တွေကို ကိုယ့် Analysis တွေဆီ မယူဆောင်လာပါနဲ့။ ခွဲခြားနိုင်ပါစေ။
(6) Trader တိုင်းကြုံတွေ့နေကျမို့ ဆုံးရှုံးမှုကို မကြောက်ရွံ့ပါနဲ့။  Risk & Reward သဘောတရားကို နှလုံးသွင်းထားပါ။
(7) မလိုလားသော Loss တွေနဲ့ ရင်ဆိုင်ရတဲ့အခါ Market Emotion တွေကို အစွန်းစုံအထိ လျှော့ချပါ။ ဥပမာ- ဒေါသ၊ လောဘနှင့်တကွ Market ကို Revenge လုပ်ဖို့ လုံးဝမကြိုးစားပါနဲ့။
(8) ဇွဲမလျှော့ပါနဲ့။ Loss တွေထက် Profit ဖြစ်နေတဲ့ Transaction တွေနဲ့ Pro Trader တစ်ယောက် ဖြစ်လာမှာပါ။
Trader တယောက်ဖြစ်ဖို့က လွယ်ကူပါတယ်။ အများသူငှာ ပြောနေကျ Internet Connection ရှိမယ် Laptop or Phone ရှိရင်ဖြင့် အမျိုးမျိုးပြောကြပါတယ်။ Pro Trader တစ်ယောက်ဖြစ်ဖို့ အဲ့လောက် လွယ်ကူနိုင်ပါ့မလား။ အဲ့လို ရိုးစင်းနေရင် လူတိုင်း ချမ်းသာတဲ့ပုဂ္ဂိုလ်တွေ ဖြစ်နေနိုင်တာပေါ့။ မိမိ အားသန်ကြတဲ့ Analysis တွေပေါ် မူတည်ပြီး အရောင်းအဝယ်ပြုလုပ်ဖို့အတွက် အတွေးအခေါ်တွေ များစွာပြောင်းလဲသွားနိုင်ပါတယ်။ Fundamental သမားတယောက်ကလည်း နိုင်ငံတကာရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေး တခြားတခြားသော Factors တွေကို လေ့လာပြီး အရောင်းအဝယ်ပြုလုပ်ဖို့ အတွေးအခေါ်အမြော်အမြင်တွေ အများကြီးအများကြီး လိုအပ်လှပါတယ်။ အဲ့လိုပဲ ကျွန်တော်လို Technical သမားတယောက်အနေနဲ့လည်း Market အတွင်း ဝယ်လိုအား၊ ရောင်းလိုအား အခြေအနေတွေ၊ Market Psychology တွေ၊ Human Psychology တွေ၊ Candlestick တို့ Indicator သဘောတရားတွေကို လေ့လာပြီး ဈေးကတော့ဖြင့် ကျနေပြီး (သို့မဟုတ်) တက်နေပြီ၊ ဘယ်နေရာလေးမှာတော့ဖြင့် ဈေးလည်နေတယ် စသဖြင့်စသဖြင့်ပေါ့။ အရောင်းအဝယ်တခုလုပ်ဖို့အတွက် စဉ်းစားတွေးခေါ်မှုတွေဟာ မပေါ့တန်လှပါဘူး။
ဒါကြောင့် အဆုံးသတ်အနေနဲ့ Trading လုပ်ငန်းကို ဇောက်ချလုပ်ကိုင်မယ်ဆိုရင်တော့ ပညာရပ်တခုကဲ့သို့ လေးလေးနက်နက်နဲ့ သေသေချာချာလေး အချိန်ပေးပီးလေ့လာသင်ယူဖို့ အကြံပြုပါရစေ...
Be all Pro traders!

Forex Trading တွင် အကျိုးအမြတ် ရလိုသူများအတွက်
နေ့စဉ် သတင်းနှင့်အချက်အလက်များဝေမျှခြင်း၊ Technical Analysis များဖြင့် ဈေးအတက်အကျကို Daily Signals ပေးခြင်းများအပြင် အခြားခြားသော ဝန်ဆောင်မှုများစွာကို ကူညီဆောင်ရွက်ပေးနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အရောင်းအဝယ်နှင့် ရင်းနှီးမြုပ်နှံမှုကို အသေးစိတ် သိရှိလိုပါက -
Bhone Pyae Sone (BPS)
📲 09-447751005 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။


No comments:

Post a Comment

Note: Only a member of this blog may post a comment.

Today Signals Trading View

https://www.tradingview.com/x/jZfFjtKe/