Wednesday, March 6, 2019

" The future depends on what you do today "



မင်းဟာ အမြင့်မှာနေရင် လေတိုက်ခံရမယ်။ အနိမ့်မှာနေရင် လှံစိုက်ခံရမယ်။ အလယ်မှာနေရင် မင်းကိုပုခုံးချင်း ယှဉ်တိုက်လိမ့်မယ်။
ဘေးထွက်နေရင် မကောင်းပြောကြလိမ့်မယ်။ မင်းက မနေနိုင်လို့လုပ်ပေးတော့ အရူးထနေတာလို့ပြောကြမယ်။ မင်းဘာမှမလုပ်ပဲနေတော့ မင်းကို ငပျင်းလို့ပြောကြလိမ့်မယ်...။
ဒီမှာ မင်းကို မင်းရဲ့ပတ်ဝန်းကျင်က ချီးမွန်းတဲ့ စကားထက် မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့ မင်းရဲ့ မှားကွက်ကို စောင့်နေကြတာပါ။
မင်း အောင်မြင်နေတဲ့အချိန် မင်းကို ကပ်ဖားပြီး မင်း ကျရှုံးတဲ့အချိန် မင်းကို နှာခေါင်းရှုံ့ကြလိမ့်မယ်။ မျက်နှာဖုံးစွပ်တွေများတဲ့ လောကကြီးထဲမှာ မိတ်ဆွေကောင်း အင်မတန်ရှားပါးတယ်။ မင်း မှန်တယ်ထင်ရင် တကယ်လည်း မှန်နေရင် ပတ်ဝန်းကျင်ကို မင်းသိပ်ပြီးဂရုမစိုက်နဲ့...
မင်းစားနေတဲ့ ထမင်းတစ်လုပ်အတွက် မင်းကိုယ်တိုင် ကိုယ့်ဒူး ကိုယ်ချွန်နေတာမို့ မင်းမှာ အဲ့လောက်တော့ မာန ရှိသင့်တယ်...
အထီးကျန်နေရလို့လည်း စိတ်မပျက်မိနဲ့။ မှားယွင်းနေတဲ့ လူတွေနဲ့ ဆုံစည်းနေရတာထက် တစ်ယောက်တည်းနေရတာက ပိုကောင်းပါတယ်...
ရုန်းကန် လှုပ်ရှားရ အကောင်းဆုံးအရွယ်မှာ ဇိမ်ခံသက်သာတဲ့လမ်းကို မရွေးပါနဲ့။ တစ်သက်လုံး ရေလိုက်ငါးလိုက်နေသွားဖို့က လွယ်ကူပေမယ့် ထိုးဖောက်ထွက်ဖို့ကျ မင်းအတွက် ခက်ခဲသွားလိမ့်မယ်...
Mahatma Gandhi ရဲ့အဆိုအမိန့်တစ်ခုရှိတယ်
"The future depends on what you do today "
"မင်းရဲ့အနာဂါတ်ဟာ မင်း ဒီနေ့လုပ်ရပ်အပေါ်မှာပဲ မူတည်ပါတယ်"
ပြဿနာတိုင်းကို အပြုံးလေးနဲ့ အတတ်နိုင်ဆုံး ဖြေရှင်းလိုက်ပါ။
ပြုံးနေခြင်းက မင်းအတွက် အားသာပါချက်ပဲ။ ဒါပေမယ့် မဲ့ပြုံးတော့မဖြစ်စေနဲ့ပေါ့...
မင်း ပတ်ဝန်းကျင်က လူတွေကြောင့် စိတ်မညစ်နဲ့...
လူတိုင်းက ကိုယ်နဲ့ ထပ်တူမကျနိုင်ဘူးဆိုတာ မင်းမမေ့နဲ့...
မင်း ရင့်ကျက်လာတာနဲ့အမျှ မင်း ပတ်ဝန်းကျင်က မင်းကိုမုန်းနေတဲ့သူတွေကို မင်း ဥပေက္ခာပြုသွားနိုင်မှာပါ...
BPS

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Today Signals Trading View

https://www.tradingview.com/x/jZfFjtKe/