ဘဝဆိုတာ လက်ဝှေ့ကြိုးဝိုင်းပွဲတပွဲဆို..
ကိုယ်ရှုံးသွားတယ်ဆိုတာ
သူ အလဲထိုးလိုက်နိုင်လို့မဟုတ်ဘူး ။
၁ ကနေ ၁၀ အတွင်း ကိုယ်ပြန်မထနိုင်လို့ရှုံးတာ ။
ဘဝဆိုတာ တခါတလေတော့ လဲကျပြိုလဲတဲ့
အချိန်တခုကို လူတိုင်းရင်ဆိုင်ကြရတယ် ။
လဲကျသွားတာ အရှုံးမဟုတ်ဘူး ။
လဲကျသွားတဲ့အချိန်မှာ
"ငါတော့ရှေ့ဆက်မလုပ်နိုင်တော့ဘူး" ၊
"ငါဘာမှမတတ်နိုင်တော့ဘူး"
"ငါဆက်ကြိုးစားလည်းဘာမှမထူးတော့ဘူး "ဆိုပြီး
လဲကျသွားတဲ့နေရာကနေ
ပြန်ထဖို့ မကြိုးစားတော့မှ တကယ်ရှုံးသွားတာ ။
ဒါကြောင့် လဲကျသွားလား...?
ပြန်မတ်မတ်ရပ်လိုက်ပါ ။
အောက်ကိုပြုတ်ကျသွားလား...?
အပေါ်ကိုရောက်အောင်ပြန်တက်ပါ ။
ပျက်စီးသွားလား...?
နောက်တခု ထပ်မံတည်ဆောက်ပါ ။
ကိုယ်ဘက်က ပြန်ထဖို့ကြိုးစားနေသရွေ့
ဘဝလက်ဝှေ့ကြိုးဝိုင်းပွဲမှာ
အရှုံးဆိုတာ ဘယ်တော့မှမရှိဘူး ။
ဒါ့ပြင် လဲကျလိုက်တဲ့ တခဏတာ အတွေ့အကြုံမှ
အမှားသင်ခန်းစာတွေဆိုတာ နောက်တကြိမ်ထပ်မံ
ကြိုးစားလုပ်ဆောင်တဲ့အခါမှာ မှန်ကန်ခြင်းပါသော
ပိုမိုကောင်းမွန်ပြည့်စုံတဲ့အရာတွေဖြစ်ပေါ်လာဖို့ကို
အထောက်အပံ့ပြုနိုင်ပါသေးတယ် ။
Friday, March 29, 2019
Subscribe to:
Post Comments (Atom)
-
ကျွန်တော်တို့ Nature Forex International Consultant Co.Ltd (NFX) သည် Japan နိုင်ငံ၏ ယုံကြည်စိတ်ချရဆုံးဖြစ်သော Broker တစ်ခုဖြစ်ပြီး မြန်မာနို...
-
(19.March.2019) ရက်နေ့မှာ ကမ္ဘာ့ရွှေဈေးကွက်ဟာ လက်ရှိ(မနက်)ဈေး 1302.60 ဖြင့် စတင်ဈေးဖွင့်ကာ 1302 နှင့် 1305 ကြားတွင် ဈေးအတက်အကျ သွားနြေ...
-
ကျနော်၏ Pgae မှ ဈေးကွက်ဖွင့်ချိန်တိုင်း နေ့စဉ် Daily Signals တွေကို တင်ပေးနေမှုအား April လ၊ ၁ ရက်နေ့မှစတင်၍ Post တင်ခြင်းမပြုလုပ်တော့ပဲ ကျ...

No comments:
Post a Comment
Note: Only a member of this blog may post a comment.