Sunday, March 24, 2019

Trader ကောင်းတစ်ယောက်ဖြစ်လာစေရန် (၁၆)ချက်...


1. Treat Trading as a business
Forexကို စပြီးလေ့လာကတည်းက business တစ်ခု စီးပွားရေးတစ်ခုကဲ့သို့လုပ်ဖို့ပဲ ဖြစ်ပါတယ်။ စကားလေးတစ်ခုရှိပါတယ်။
" Treat Trading Like a Hobby & It Will Pay You Like a Hobby. " အပျော်လိုလုပ်ရင် အပျော်သဘောလောက်ပဲ ဖြစ်မှာပါ။ ဒါကြောင့် စလေ့လာကတည်းက တကယ်အသေအချာ စနစ်တကျ လေ့လာပါ။  အပေါ့အတန်သဘောမထားဘဲ အလုပ်တစ်ခုကို သင်ယူလေ့လာနေသလို စိတ်ပါလက်ပါသင်ယူဖို့ လိုပါတယ်။ ဒါလေ့လာနေတဲ့အခါ ထားရမယ့် စိတ်ထားတစ်ခုလည်း ဖြစ်ပါတယ်။

2. Preparation & Fundamentals
Plan the Trade. Trade the plan. Trading Plan ရှိရပါမယ်။

3. What news is due out in the day(s) ahead?
Trading လုပ်တဲ့အခါမှာ လေ့လာသင်ယူရမှာတွေထဲမှာ technical analysis တွေ အသေးစိတ် sentiment analysisတွေ အပြင် ပြည့်စုံအောင် တနေ့တနေ့မှာရှိတဲ့ သတင်းတွေကိုလည်း သတိပြုဖို့ လိုပါဦးမယ်။

4. Never take a trade that doesn’t (technically) have the possibility of making at least double the amount of money risked.
ဒါကတော့ risk reward ratioပါ။ trading လုပ်တဲ့အခါ ထားမယ့် entry price တွေနဲ့ exit point တွေအကွာအဝေး အချိုးအစားကျမကျ။ ပြီးတော့ ဒီဖြစ်နိင်တဲ့ market entry တွေဟာ risk များနိင် မများနိင် စသဖြင့်တွေလည်း ချိန်ဆဖို့လိုပါမယ်။

5. Learn technical analysis.
technical analysis တွေလေ့လာသင်ယူဖို့။ ဒီ scope ကလည်း ကျယ်ဝန်းပါတယ်။ လေ့လာသင်ယူမှုမှာ ကန့်သတ်စရာ မလိုပါဘူး။ များများသင်ယူနိုင်လေ ကောင်းလေပါပဲ။

6. Be flexible.
လေ့လာမယ်။ လေ့ကျင့်မယ်။ အတွေ့အကြုံယူဖို့ လိုပါသေးတယ်။ rules တွေ principle တွေရှိလျှင်လည်း ရှိတာတွေကို လိုက်နာရမယ်။ တချို့အရာတွေမှာလည်း အတွေ့အကြုံနဲ့ ပေါင်းစပ်ရပါမယ်။

7. There is no “holy grail” system out there.
ဘယ် system သို့မဟုတ် ဘယ် strategy မှလည်း အမြဲမှန်နေမှာမဟုတ်သလို အရမ်းကြီး ခက်ခဲနေတာ တွေလည်းမဟုတ်ပါဘူး။ လေ့လာ သင်ယူ သုံးသပ်နေဖို့သာ အဓိကဖြစ်ပါတယ်။

8. Forget about the money!
Trading လုပ်တာကို လေ့ကျင့်နေတဲ့အချိန် အတောအတွင်းမှာ ငွေကြေးအကြောင်းခနမေ့ထားပါ။ Firstly need to learn ဖြစ်ပါတယ်။ ဝမ်းစာပြည့်ဝလာတဲ့အခါ ပိုက်ဆံဖြစ်လာမှာပါ။

9. Make a commitment to yourself that you WILL succeed.
တဖြည်းဖြည်းကိုယ့်အရည်အသွေးကို မြှင့်တင်ရင်း တဆင့်ပြီး တဆင့် ကြိုးစားလုပ်ဆောင်သွားပါ။ တစ်ခုဆို တစ်ခု ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် လေ့လာယူပါ။

10. Surround yourself with experienced, positive, people.
နားလည်တတ်ကျွမ်းတဲ့သူတွေ သို့မဟုတ် ဝါသနာတူ စိတ်တူ ကိုယ်တူတွေနဲ့ အကြံညဏ်ယူပါ။ ခင်မင်ပါ။ ထိတွေ့သင်ယူပါ။

11. Make a resolution to learn and never stop learning
လေ့လာတဲ့နေရာမှာ အဆုံးမရှိပါဘူး။

12. Do your research
သုတေသနအမြဲလုပ်ပါ။ သိပြီးသားအရာတစ်ခုခုကို ထပ်တလဲလဲ ကျွမ်းကျင်အောင် လေ့လာပါ။ ပြုစုပါ။

13. Get in “back to school” mode.
ပြီးရင် ပြန်လေ့လာပါ။ ဒါဟာဘဝရဲ့ ခရီးရှည်တစ်ခုသာဖြစ်ပါတယ်။

14. Evaluate your progress.
လေ့လာတယ်။ လေ့ကျင့်တယ် ပြီးရင် ပြန်ဆန်းစစ်ပြီး ကျွမ်းကျင်တဲ့အဆင့်ထိဖြစ်အောင် မွမ်းမံပြင်ဆင်တယ်။

15. Cultivate good habits.
ကောင်းတဲ့အလေ့အကျင့်တွေကို ပြုစုပျိုးထောင်ပါ။ ပြောချင်တာကတော့ management တွေကို လေ့လာပါ။ risk ကို ထိန်းချူပါတာ။ emotion ခံစားမှုတွေကို ထိန်းချူ ပ်ပါ။

16. Banish bad habits.
လောင်းကစားဆန်တာတွေ စိတ်မြန်တာ လောတာတွေ စိတ်မရှည်တာတွေ စသဖြင့်အကျင့်တွေလည်း ပြင်ရပါမယ်။

-BPS-

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Today Signals Trading View

https://www.tradingview.com/x/jZfFjtKe/