Tuesday, March 12, 2019

You can't lead other's unless you can yourself.

ကျွန်တော်တို့ တစ်တွေဟာ တစ်ခြားသူတွေကို ဦးဆောင်မှု မပေးနိုင်ခင်မှာ ကိုယ့်ကိုကိုယ်တော့ ဦးဆောင်မှုပေးနိုင်အောင် အရင်လုပ်ထားရပါမယ်။ ကျွန်တော်တို့ တစ်တွေကို သဘာဝကြီးက မွေးကတည်းက (Power) ကိုယ်စွမ်းဥာဏ်စွမ်းတွေ ခွန်အားတွေ ထည့်ပေးလိုက်ပြီးသားပါ။ ကိုယ်တိုင်ကျင့်ကြံ အားထုတ်မှသာ ပိုပြီး ကိုယ်ရောင်တောက်ပလာကြမှာပါ။ အဲ့ဒါတွေက ဘာတွေလဲဆိုတော့...
Head (ဦးခေါင်းရယ်)၊ Heart (ခံစားဖို့ နှလုံးသားရယ်)၊ Hands (ဖန်တီးနိုင်ဖို့ လက်တစ်စုံရယ်)၊ Foot ကိုယ့်ရဲ့ ဦးတည်ထားတဲ့အရာတွေဆီကို လျှောက်လှမ်းနိုင်ဖို့ ခြေတစ်စုံရယ်) ကိုထည့်ပေးလိုက်ပြီးသားပါ။ ကျွန်တ်ာတို့ ဘယ်လိုအသုံးပြုကြမလဲ? ဘယ်လို ဖန်တီး လျှောက်လှမ်းကြမလဲဆိုတဲ့အပေါ် မူတည်ပြီး ကွဲပြားခြားနားသွားကြတာပါ...
Head (ဦးခေါင်း)ဆိုတဲ့အပိုင်းမှာ Knowledge (ဗဟုသုတတွေ)၊Vision (အမြင်တွေ -အမြော်အမြင်တွေ)၊ Wisdon (ဥာဏ်ပညာတွေ /အသိပညာတွေ)၊ Theory(သီအိုရီ)တွေ ဖြည့်ပြီးတော့ How to do? ဘယ်လိုပြုလုပ်မလဲဆိုတဲ့ အပိုင်းကို သွားပါတယ်...
Hand (လက်) ကျွန်တော်တို့ ဆီမှာပါတဲ့ လက်တစ်စုံနဲ့ Creative ဖန်တီးမှုတွေပြုလုပ်နိုင်သလို Skill (လုပ်ငန်းကျွမ်းကျင်မှု)တွေဖြစ်လာအောင်လည်း ပြုလုပ်နိုင်ပါတယ်။ Do repeatedly / Habit ထပ်ခါထပ်ခါ လေ့ကျင့်ခြင်းဖြင့် Skill တက်လာအောင် ပြုလုပ်နိုင်ပါတယ်။ (ဥပမာ) Iron Cross တေးဂီတက ဆရာချစ်စမ်းမောင် ဆိုရင် သူ့ ရဲ့ ဂစ်တာတီးတဲ့ပညာမှာ တော်နေအောင် တက်နေအောင် ထပ်ခါထပ်ခါ လေ့ကျင့်ထားလို့သာ သူရဲ့ဂစ်တာတီးတဲ့ Skill ကောင်းနေခြင်းသာဖြစ်ပါတယ်။ အဲ့ဒီ့နောက်မှာမှ Creative ထပ်ကပ်လိုက်တော့ပိုပြီး ဆန်းသစ်လာခြင်းသာဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ လို့ မိမိမှာပါရှိလာခဲ့ လက်တစ်စုံကို ကောင်းကောင်းအသုံးပြုတက်ဖို့ ပဲလိုပါတယ်။ ကိုယ် ဘယ်လို အသုံးပြုမလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ထပ်ခါ ထပ်ခါ လေ့ကျင့်နိုင်လေ Skill တက်လေပါပဲ။ Golfer ဆရာကြီး Tiger Woods (တိုက်ဂါးဝုလ်)လည်း သူ့ ရဲ့ Skill ကောင်းအောင် ထပ်ခါ ထပ်ခါ လေ့ကျင့်ထားနိုင်ခဲ့လို့ သူ့ ရဲ့ရိုက်ချက်တွေက ကောင်းနေခဲ့တာပါပဲ...
Heart (နှလုံးသား) ဆိုတဲ့အပိုင်းမှာကျပြန်တော့ အရေးအကြီးဆုံးကတော့ Attitude (စိတ်အမြင်သဘောထား) တွေ၊ (Passion) ဆိုတဲ့ စိတ်အားထက်သန်ပြင်းပြမှု / ဇွဲ / ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ခင်နှစ်သက်မှုတွေ၊ (Emotion) စိတ်ခံစားမှုတွေ၊ (Motivation ) စိတ်ပါဝင်စားမှုတွေ / စိတ်လှုံ့ဆော်မှုတွေနဲ့ သွားရတဲ့အပိုင်းပါ။ ကိုယ့်ရဲ့ Passion ကိုနားလည်ဖို့ လိုအပ်သလို ကိုယ့်ရဲ့ Attitude ကိုလဲအကောင်းဆုံးပြင်ဆင်ထားဖို့ လည်း လိုအပ်ပါတယ်...
Foot (ခြေထောက်) ကိုယ့်ရဲ့ခြေထောက်တစ်စုံကတော့ ကိုယ်သွားမည့် Goal ပန်းတိုင် ဘဝခရီးလမ်းအတွက် ဘယ်လို Direction ကို ရွေးချယ်ပြီးသွားမလဲ ဆိုတဲ့နေရာမှာ ကောင်းကောင်းအသုံးချဖို့ လိုအပ်သလို၊ လဲကျခဲ့ရင်လဲ ချက်ချင်းပြန်ထနိုင်ဖို့ လိုအပ်ပါတယ်။ (ဥပမာ)
ဘောလုံးသမားတစ်ယောက်  စီရော်နယ်ဒို ဆိုရင်လဲ သူ့ ရဲ့ ခြေထောက်ကို ကောင်းကောင်း လေ့ကျင့်ပြီး ထပ်ခါထပ်ခါ လေ့ကျင့်ပြီး အကောင်းဆုံး အနေအထား တစ်ခု ရောက်အောင် အောင်မြင်တဲ့ ဘောလုံးသမားတစ်ယောက်ဖြစ်အောင် ပြုလုပ်နိုင်ခဲ့တာပါပဲလေ...
ကျွန်တော်တို့ တစ်တွေက တစ်ခါတလေကျရင် ကိုယ့်မှာရှိနေတဲ့ ပါဝါ (Power) တွေကို သတိမေ့နေကြပြီး သူများတွေမှာ ရှိနေတဲ့ ပါဝါတွေကို အားကျနေတက်ကျပြန်ပါတယ်။ တစ်ကယ်တော့ ကိုယ့်မှာလည်း ရှိနေတယ်ဆိုတာ မေ့နေကြပါတယ်။ Head & Hand & Heart & Foot ရယ်ကို ကိုယ်တိုင် လေ့ကျင့်ပြုစုပျိုးထောင်ပြီး သွားနေဖို့ပဲလိုအပ်နေတာပါ။
မိတ်ဆွေတို့လည်း မိမိရဲ့ ပန်းတိုင် (Goal) ကို ကိုယ်တိုင် ရှာဖွေနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်...
-BPS-

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Today Signals Trading View

https://www.tradingview.com/x/jZfFjtKe/