Saturday, March 30, 2019
အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်ပိတ်ပစ်နိုင်ခြေရှိသည်ဟု အမေရိကန်သမ္မတ ထရမ့်မှပြောကြား...
အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံ နယ်စပ်ကို ရက်ပိုင်းအတွင်း ပိတ်ပစ်နိုင်ခြေရှိတယ်လို့ အမေရိကန်သမ္မတ Donald Trump က သတင်းထောက်တွေကို မနေ့ သောကြာနေ့က ပြောပါတယ်။ အမေရိကန်နိုင်ငံထဲ တရားမ၀င် ရွှေ့ ပြောင်းဝင်ရောက်သူတွေ ဆက်ပြီးဝင်လာနေတဲ့အပေါ် သမ္မတ Trump စိတ်အနှောင့်အယှက် ဖြစ်နေတာပါ။
လာမယ့် တပတ်မှာ မက္ကဆီနယ်စပ်ကို ပိတ်ပစ်နိုင်ခြေရှိပြီး သူ့အနေနဲ့ ဒီလိုလုပ်ဖို့ မခက်ခဲပါဘူးလို့ ဖလော်ရီဒါပြည်နယ်က သူ့ကိုယ်ပိုင် Mar-a-Lago အပန်းဖြေရိပ်သာမှာ သမ္မတ Trump ကသတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
အမေရိကတိုက် အလယ်ပိုင်းက ရွှေ့ ပြောင်း ၀င်ရောက်လာသူတွေကို အဆုံးသတ်သွားအောင် မက္ကဆီကိုဘက်က အပြည့်အ၀ လုပ်ကိုင်တာမျိုး မရှိဘူးဆိုပြီး သမ္မတ Trump က သောကြာနေ့ အစောပိုင်းမှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။
ရွှေ့ ပြောင်းလူအုပ်ကြီး အမေရိကန်ထဲ ၀င်မလာအောင် မက္ကဆီကိုဘက်က မတားဆီးနိုင်ဘူးဆိုရင် အမေရိကန်ဘက်က နယ်စပ်ကို အချိန်အတော်ကြာအောင် ပိတ်ပစ်မယ်လို့လည်း သမ္မတ Trump ကပြောပါတယ်။
အမေရိကန်နိုင်ငံထဲ ၀င်ရောက်ဖို့ ရည်ရွယ်ထားတဲ့ ရာနဲ့ချီတဲ့သူတွေပါတဲ့ ရွှေ့ ပြောင်းလူအုပ်ကြီးကို ရည်ညွှန်းပြောဆိုခဲ့တဲ့ သမ္မတ Trump က မက္ကဆီတာဝန်ရှိသူတွေဘက်က အဲဒီလူတွေကို ဟန့်တားဖို့ ချင်ချင်းဆောင်ရွက်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။
အဲဒီလူအုပ်ကြီးကို ဟန့်တားဖို့ မက္ကဆီကိုဘက်က ဘာမှဆောင်ရွက်တာမရှိဘူးဆိုပြီး သမ္မတ Trump က Twitter ကနေ သောကြာနေ့က ပြောဆိုပေမယ့် မက္ကဆီကိုတာဝန်ရှိသူတွေကတော့ ရွှေ့ ပြောင်းလူအုပ်ကြီးကို လူစုကွဲသွားအောင် ကြိုးစားလုပ်ကိုင်နေပြီး ဖမ်းဆီးတာ၊ နေရပ်ပြန်ပို့တာမျိုးလည်း တိုးပြီး လုပ်ကိုင်နေတဲ့အပြင် ဂွါတီမာလာနိုင်ငံနဲ့ နယ်စပ်မှာ လူသားချင်း စာနာမှုဆိုင်ရာ ပြည်ဝင်ခွင့် ဗီဇာတွေကိုလည်း ထုတ်မပေးတော့ဘူးလို့ ပြောပါတယ်။
နယ်စပ် ပိတ်ပစ်မယ်ဆိုတဲ့ သမ္မတ Trump ခြိမ်းခြောက်ပြောဆိုထားတဲ့ အထဲမှာ လေကြောင်းခရီးစဉ်တွေ ပါ-မပါဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
Credit - VOA News
Forex Trading လုပ်တော့မယ်ဆိုရင် မသိမဖြစ် သိထားသင့်သော Trading Time အကြောင်း...
Forex Trader တစ်ယောက်ဟာ Trade လုပ်ဖို့အတွက် ဈေးကွက်ဖွင့်ချိန်၊ ပိတ်ချိန်များ အပါအဝင် Trade လုပ်ဖို့ သင့်တော်သောအချိန်၊ နေ့ မသင့်တော်သော အချိန်၊ နေ့ များကို သိရှိထားသင့်ပါတယ်။ Forex Trading မှာ အဓိကကျတဲ့ Session လေးခု ရှိပါတယ်။
📌 Sidney ( မြန်မာစံတော်ချိန် နံနက် ၃နာရီခွဲမှ နေ့လည် ၁၂နာရီခွဲ )
📌 Tokyo ( မြန်မာစံတော်ချိန် နံနက် ၅နာရီခွဲမှ နေ့လည် ၂နာရီခွဲ )
📌 London ( မြန်မာစံတော်ချိန် နေ့လည် ၂နာရီခွဲမှ ည၁၁နာရီခွဲ )
📌 NewYork ( မြန်မာစံတော်ချိန် ၇နာရီခွဲမှ နံနက် ၄နာရီခွဲ )
တို့ဖြစ်ကြပါတယ်။
📊 ဈေးကွက်ထဲဝင်ရန် အကောင်းဆုံးနေ့များ...
Trader တစ်ယောက်အနေနဲ့ ဈေးကွက်ထဲ ဝင်ဖို့အကောင်းဆုံးနေ့တွေကတော့ ရက်သတ္တပါတ်တစ်ခုရဲ့ အလယ်နေ့တွေဖြစ်တဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့တွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဟူးနေ့မှာ Trading နဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေအများဆုံးဖြစ်ပြီး Currency ငွေကြေးတွေနဲ့ ပတ်သက်တဲ့ အကောင်းဆုံး အခွင့်အရေးတွေ ရနိုင်ပါတယ်။
🚫 ဈေးကွက်ထဲ မဝင်သင့်သောနေ့များ..
ဈေးကွက်ထဲဝင်ဖို့ ဆင်ခြင်သင့်တဲ့နေ့တွေကတော့ တနင်္လာနေ့နဲ့ သောကြာနေ့နှောင်းပိုင်း တို့ပဲဖြစ်ပါတယ်။
💲Forex Trader တစ်ယောက် မသိမဖြစ်သိသင့်သော Trading Hour များ (Trader တွေဟာ မိမိတို့ရဲ့ Trade တွေကို လက်စသတ်တဲ့အချိန်ဖြစ်လို့ ဈေးကွက်ဟာ ပရမ်းပတာနဲ့ ခန့်မှန်းရအလွန်ခက်ခဲလေ့ရှိပါတယ်။ တနင်္လာနေ့တွေမှာလည်း Trader တစ်ယောက်က Trade လို့တော့ရပေမယ့် စီးပွားရေးလုပ်ငန်းစုတွေနဲ့ Trader တွေဟာ ဈေးကွက်ပိတ်ရာကနေ ပြန်လာကာစဖြစ်တဲ့အတွက် ဈေးကွက်ဟာနှေးကွေးနေတဲ့ လှုပ်ရှားမှု၊ ဈေးကွက် ဝယ်လိုအား/ရောင်းလိုအား နည်းပါးမှုနဲ့ပဲ ရွေ့လျားနေမှာတော့ဖြစ်ပါတယ်။ (နောက်ပြီး တနင်္လာနေ့ဟာ Market Retracement ယူလေ့ရှိတဲ့အတွက် Direction ဟာ အတည်ယူဖို့ မသင့်ပါဘူး။ )
📈 ဈေးကွက်ထဲဝင်ရန် အသင့်တော်ဆုံး အချိန်များ...
London ဈေးကွက်+NewYork ဈေးကွက်နှစ်ခုထပ်သွားသောအချိန် ( မြန်မာစံတော်ချိန် ညနေ ၇နာရီခွဲ မှ ည ၁၁နာရီခွဲ ) သည် ဈေးကွက်လှုပ်ရှားမှု အမြင့်ဆုံးနှင့် ဝယ်/ရောင်းပမာဏအမြင့်ဆုံး ဖြစ်ပါသည်။ Trading Volume အများဆုံး၊ Price Movement အသွားဆုံးအချိန်သည် သင်လိုချင်သော Points ပမာဏရအောင် ပြုလုပ်ရန် အကောင်းဆုံးအချိန်ဖြစ်ပေလိမ့်မည်။
တစ်နေ့တာအလှုပ်ရှားဆုံး Session ကတော့ London Session ပဲဖြစ်ပါတယ်။ London Market ဖွင့်စပထမဆုံးနာရီ၊ London + Tokyo နှစ်ခုပေါင်းထပ်သော အချိန် ( မြန်မာစံတော်ချိန် ၁နာရီခွဲမှ ၂နာရီခွဲ ) သည် အရေးအကြီးဆုံးအချိန်အဖြစ် သတ်မှတ်ကြပါသည်။ ဈေးကွက်၏ လားရာနှင့် လှုပ်ရှားမှု
ကို ထိုအချိန်တွင်ခန့်မှန်းကြသည်။ Sidney နှင့် Tokyo Market Session နှစ်ခုထပ်သော မြန်မာစံတော်ချိန် ၅နာရီခွဲမှ ၁၁နာရီခွဲ သည် Asian Currencies များဖြစ်သော JDY, AUD, CHY စသည့်ငွေကြေးများ Trade လုပ်ရန်သင့်တော်သော အချိန်များဖြစ်ပါသည်။
⛔ ဈေးကွက်ထဲဝင်ရန်မသင့်တော်သော အချိန်များ...
NewYork Session ပိတ်သွားသောအချိန်သည် Market တွင် ဝယ်ရောင်း အားနည်းပါးသွားပြီး Spread များပြားနိုင်ရုံသာမက အရောင်းအဝယ်ပြုလုပ်ရန် ခက်ခဲသော အချိန်ဖြစ်ပါသည်။
Friday, March 29, 2019
မိတ်ဆွေတွေအတွက် အကျိုးရှိစေဖို့...
ဈေးကွက်ပိတ်တဲ့ရက်တွေမှာ အကျိုးရှိစေဖို့အတွက်...
ကျွန်တော် သိပ်အောင်မြင်ချင်တယ်။ ဘာလုပ်ရမလဲ ဆိုပြီးမေးကြတယ်။ ပြီးတော့သူတို့ရဲ့ အမူအကျင့်ဆိုးတွေကိုလဲပြောပြတယ်။
😃 ကျနော်အအိပ်မက်တယ်...
😃 ကျနော်အချိန်နဲ.့အတိအကျလုပ်ရမယ့်အလုပ်တွေကိုမုန်းတယ်..
😃 ကျနော်အဆီအစိမ့်တွေကို ကြိုက်ပြီး လေ့ကျင့်ခန်း မလုပ်ချင်ဘူး...
😃 အပေါင်းအသင်းနဲ့ စကားပြောရင် အမြဲတန်းနိုင်ချင်တယ်။ သည်းမခံတတ်ဘူး။ ဒေါသထွက် လွယ်တယ်။
😃 ကျနော့်ကို ဗေဒင်ဆရာကပြောတယ် အာယုလေခရှည်လို့ အသက်ရှည်မယ်။ ထီရိုးလမ်းကြောင်းရှိလို့ ထီပေါက်မယ်။ချမ်းသာမယ်
ကျနော်အောင်မြင်နိုင်ပါ့မလား?
ကျွန်တော်ကတော့ NO လို့ ဘဲပြောပါရစေ။ မိတ်ဆွေ အနေနဲ့ အမှန်တကယ်အောင်မြင်ချင်ရင် အောင်မြင်မယ့် နည်းလမ်းများကို လိုက်နာကျင့်သုံးမှ အောင်မြင်မှာဖြစ်ပါတယ်။ မိမိရဲ့  Personal Development ကို ကြိုးစားတည်ဆောက်ပါ။ (မိမိကိုယ်ကိုလေစားခြင်း၊ သူတစ်ပါးကို လေးစားတန်ဖိုးထားခြင်း၊ မိမိချမှတ်ထားသော ကောင်းမွန်သော စည်းကမ်းများကို စောင့်ထိန်းလိုက်နာကျင့်သုံးခြင်း၊ တာဝန်ယူ တာဝန်ခံမှုရှိခြင်း...စတာတွေပေါ့)
လောဘကြီးတာမျိုးကို မပြုမူမိပါစေနဲ့။ မိမိစိတ်ကို ထိန်းသိမ်းပါ။
မိမိစိတ်တွင်ဖြစ်ပေါ်လာသော Limiting Belief နဲ့ 
Negative thought များကိုဖယ်ရှားခြင်း။ (ငါမဖြစ်နိုင်ပါဘူးဆိုတဲ့အတွေး/ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့အတွေးကိုဖယ်ရှာပစ်ဖို့ လိုအပ်ခြင်း။)
မိမိကိုယ်ကို အသင်ခံအပြင်ခံတဲ့ လူတစ်ယောက်ဖြစ်ဖို့ လိုအပ်ခြင်း။
နှလုံးသားနူးညံ့ကိုယ်ချင်းစာတတ်လာအောင် ရသစာပေများ အခါအားလျော်စွာဖတ်ဖို့ လိုအပ်ခြင်း။
တိကျသော ရည်မှန်းချက် Goal ကို ချမှတ်ပြီး Strategic Plan ဖြင့်တိကျသော time frame တွင် ပြီးမြောက်အောင်လုပ်ဆောင်ခြင်း။
ပြဿ     နာတွေကိုမျှော်လင့်ပါ။ ရင်ဆိုင်ပါ။ ကြုံ တွေ့ သော အခါ
ဦးတည်ချက် မပျောက်စေဘဲ အောက်ပါ Inspired Words ဖြင့် စိတ်ဓာတ်ခွန်အားကို ပြန်လည်ဖြည့်တင်းပါ။ (Tonny Robin ရဲ့  ခွန်အားဖြည့်ဂါထာ)
😃 All I need is within me now,I am confident,I can do it, Yes ဆိုပြီး ၃ ကြိမ်ရွတ်ပေးပါ။
ဒါဆိုရင် သင်အောင်မြင်မှုလမ်းကြောင်းပေါ်ကို စတင်ရောက်ရှိပါပြီ။
-BPS-
Success
ဘဝဆိုတာ လက်ဝှေ့ကြိုးဝိုင်းပွဲတပွဲဆို..
ကိုယ်ရှုံးသွားတယ်ဆိုတာ
သူ အလဲထိုးလိုက်နိုင်လို့မဟုတ်ဘူး ။
၁ ကနေ ၁၀ အတွင်း ကိုယ်ပြန်မထနိုင်လို့ရှုံးတာ ။
ဘဝဆိုတာ တခါတလေတော့ လဲကျပြိုလဲတဲ့
အချိန်တခုကို လူတိုင်းရင်ဆိုင်ကြရတယ် ။
လဲကျသွားတာ အရှုံးမဟုတ်ဘူး ။
လဲကျသွားတဲ့အချိန်မှာ
"ငါတော့ရှေ့ဆက်မလုပ်နိုင်တော့ဘူး" ၊
"ငါဘာမှမတတ်နိုင်တော့ဘူး"
"ငါဆက်ကြိုးစားလည်းဘာမှမထူးတော့ဘူး "ဆိုပြီး
လဲကျသွားတဲ့နေရာကနေ
ပြန်ထဖို့ မကြိုးစားတော့မှ တကယ်ရှုံးသွားတာ ။
ဒါကြောင့် လဲကျသွားလား...?
ပြန်မတ်မတ်ရပ်လိုက်ပါ ။
အောက်ကိုပြုတ်ကျသွားလား...?
အပေါ်ကိုရောက်အောင်ပြန်တက်ပါ ။
ပျက်စီးသွားလား...?
နောက်တခု ထပ်မံတည်ဆောက်ပါ ။
ကိုယ်ဘက်က ပြန်ထဖို့ကြိုးစားနေသရွေ့
ဘဝလက်ဝှေ့ကြိုးဝိုင်းပွဲမှာ
အရှုံးဆိုတာ ဘယ်တော့မှမရှိဘူး ။
ဒါ့ပြင် လဲကျလိုက်တဲ့ တခဏတာ အတွေ့အကြုံမှ
အမှားသင်ခန်းစာတွေဆိုတာ နောက်တကြိမ်ထပ်မံ
ကြိုးစားလုပ်ဆောင်တဲ့အခါမှာ မှန်ကန်ခြင်းပါသော
ပိုမိုကောင်းမွန်ပြည့်စုံတဲ့အရာတွေဖြစ်ပေါ်လာဖို့ကို
အထောက်အပံ့ပြုနိုင်ပါသေးတယ် ။
Wednesday, March 27, 2019
28.3.2019 World Gold Analysis (My Prediction)
(28.March.2019) ရက်နေ့မှာ ကမ္ဘာ့ရွှေဈေးကွက်ဟာ ယနေ့ အဖွင့်ဈေး 1309.41 ဖြင့် စတင်ဈေးဖွင့်ကာ 1308 နှင့် 1310 ကြားတွင် ဈေးအတက်အကျ သွားနေပြီး ယနေ့အတွက် 1312 အပေါ်အထိ ဆက်လက် ဈေးတက်ခဲ့ပါက 1316, 1320 အထိ တက်နိုင်ခြေရှိပါသည်။ 1305 အောက်ဘက်သို့ ဆက်လက် ဈေးကျဆင်းခဲ့လျှင် 1300 အထိ ကျဆင်းနိုင်ပါသည်။
ယနေ့အတွက် Buy ချင်တယ်ဆိုရင် -
1312 ရောက်ခဲ့လျှင် Buy ဖွင့်ပြီး 1317 မှာ (TP) and 1308 မှာ (SL) ပေးထားပါ။
1309 ရောက်ခဲ့လျှင် Buy ဖွင့်ပြီး 1313 မှာ (TP) and 1306 မှာ (SL) ပေးထားပါ။
ယနေ့အတွက် Sell ချင်တယ်ဆိုရင် -
1314 ရောက်ခဲ့လျှင် Sell ဖွင့်ပြီး 1310 မှာ (TP) and 1317 (SL) ပေးထားပါ။
1308 ရောက်ခဲ့ရင် Sell ဖွင့်ပြီး 1305 မှာ (TP) and 1311 (SL) ပေးထားပါ။
မိမိရဲ့ အကောင့် Deposit တွင် အရောင်းအဝယ်ပြုလုပ်သည့် Lot Size ကို Equity ဖြင့် ချိန်ဆ၍ Stop Lose (SL) ကို ပေးကြပါ။ မိမိက ဘယ်လောက်အဆုံးရှုံးခံနိုင်မယ်ဆိုတဲ့ အတွေးကို အရင်စဉ်းစားပါ။
ယခုခန့်​မှန်းချက်​သည်​ Technical Analysis အရ ဖြစ်​သောကြောင့်​ World Gold အပေါ်သက်​ရောက်​မှုရှိနိုင်​သော ယနေ့အတွက် ကမ္ဘာ့ရွှေဈေးကို လှုပ်ခတ်စေနိုင်မည့် Fundamental သတင်းများကို မျက်ခြေမပျက် လေ့လာသင့်သလို၊ မထင်မှတ်ပဲ မိန့်ခွန်းတွေကြောင့် ဈေးအလှုပ်အခတ်များစွာ ဖြစ်ပေါ်လာနိုင်ပါသဖြင့် အထူးသတိပြု Trade ကြပါလို့ အသိပေးချင်ပါတယ်။ အားလုံးပဲ အမြတ်ရရှိတဲ့
Thursday လေးကို ပိုင်ဆိုင်နိုင်ပါစေ..🙏🙏🙏
Forex Trading တွင် အကျိုးအမြတ် ရလိုသူများအတွက် နေ့စဉ် သတင်းနှင့်အချက်အလက်များဝေမျှခြင်း၊ Technical Analysis များဖြင့် ဈေးအတက်အကျကို Daily Signals ပေးခြင်းများအပြင် အခြားခြားသော ဝန်ဆောင်မှုများစွာကို ကူညီဆောင်ရွက် ပေးနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
အရောင်းအဝယ်နှင့် ရင်းနှီးမြုပ်နှံမှုကို အသေးစိတ် သိရှိလိုပါက -
Bhone Pyae Sone (BPS) 📲 09-447751005 သို့
စုံစမ်းမေးမြန်းနိုင်ပါသည်။
Sunday, March 24, 2019
25.3.19 World Gold Market Prediction...
Today Market Range 1310 -1312
If Break 1314 We Can See 1316 & 1319
If Break 1308 We Can See 1306 & 1303
Today -
Buy at 1309 Tp 1313
Buy at 1315 Tp 1318
Sell at 1312 Tp 1308
Sell at 1306 Tp 1302
For more information, please visit -
Bhone Pyae Sone
(+095) 09 447751005 (Phone & Viber)
Today Signals Trading View
https://www.tradingview.com/x/jZfFjtKe/