"Forex trading" ကို စိတ်ဝင်တစား လေ့လာသူတွေ၊ ဒီလောကကို စတင်ဝင်ရောက်လာသူတွေ၊ Trading ကို ပြုလုပ်နေပြီ ဖြစ်တဲ့သူတွေဟာ အောင်မြင်တဲ့ Trader ဘဝကို လိုချင်ကြတဲ့သူတွေပဲဖြစ်ပါတယ်။
သို့ပေမယ့် လူအများစုဟာ ဒီလောကကို ဝင်လာတယ်၊ စမ်းသပ်တယ်၊ ပြီးရင် စိတ်လျှော့ပြီး ရှုံးနိမ့်ထွက်ခွာသွားကြပါတယ်။ လူတော်တော်များများ မကြာခဏ မေးလေ့ရှိတဲ့မေးခွန်းတစ်ခု ရှိပါတယ်။
"အောင်မြင်တဲ့ Trader တစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ?"
ဖြေစရာ အကြောင်းအရာ များစွာရှိပါတယ်။ အရေးအကြီးဆုံးနဲ့ မသိမဖြစ် အချက်နှစ်ချက်ကိုပဲ ပြောပြချင်ပါတယ်။
ဖြေစရာ အကြောင်းအရာ များစွာရှိပါတယ်။ အရေးအကြီးဆုံးနဲ့ မသိမဖြစ် အချက်နှစ်ချက်ကိုပဲ ပြောပြချင်ပါတယ်။
📌 Action ယူခြင်း (လက်တွေ့လုပ်ဆောင်ခြင်း)
📌 Calculated Risk (တွက်ချက်ထားသော Risk ယူခြင်း) တို့ ဖြစ်ပါတယ်။
📌 Calculated Risk (တွက်ချက်ထားသော Risk ယူခြင်း) တို့ ဖြစ်ပါတယ်။
📖 Action ယူတယ်ဆိုတဲ့နေရာမှာ စာဖတ်မယ်၊ သင်တန်းတက်မယ်၊ တစ်နေ့ ၁နာရီ Chart Analysis လုပ်မယ် စသည်ဖြင့် ကိုယ် တွေးထားတဲ့ အရာတွေကို တကယ်လက်တွေ့ လုပ်ဆောင်တာပါ။
၉၀% သော ရှုံးနိမ့်သူ Forex Trader တွေဟာ action ယူရာမှာ အားနည်းခဲ့ကြပါတယ်။ ဥပမာ - စာအုပ်တစ်အုပ် ကိုရှာတယ်။ ပြီးရင် မဖတ်ဘူး။ စည်းကမ်းလိုက်နာရမှန်း သိတယ်၊ တကယ် action ယူဖို့ထက် စိတ်အလိုကိုပဲ လိုက်ကြတယ်။
၉၀% သော ရှုံးနိမ့်သူ Forex Trader တွေဟာ action ယူရာမှာ အားနည်းခဲ့ကြပါတယ်။ ဥပမာ - စာအုပ်တစ်အုပ် ကိုရှာတယ်။ ပြီးရင် မဖတ်ဘူး။ စည်းကမ်းလိုက်နာရမှန်း သိတယ်၊ တကယ် action ယူဖို့ထက် စိတ်အလိုကိုပဲ လိုက်ကြတယ်။
📖 Calculated Risk ကို ယူတယ်ဆိုတဲ့နေရာမှာ လူအများစုဟာ Risk အန္တရာယ်ကို မတွက်ချက်ဘဲ ယူကြပါတယ်။ ဥပမာ - ကိုယ့်အတွက် ငွေ ၁၀ သိန်းပဲရှိတယ်၊ ဒီငွေဟာ စားဝတ်နေရေးအတွက် လိုတယ်ဆိုရင်၊ Trading အတွက် လုံးဝ မသုံးသင့်ပါဘူး။
ကိုယ့်အတွက် မထိခိုက်နိုင်မယ့်ပမာဏ "Worry Free Money" ကိုပဲ Trading အတွက်သုံးသင့်ပါတယ်။ မဟုတ်ဘဲ ရလာမယ်ထင်တဲ့အမြတ် "Reward" ကိုပဲ မြင်ပြီး ကိုယ်ယူရမယ့် Risk ကို မတွက်ရင် ဆုံးရှုံးမှာကို ကြောက်ရတဲ့စိတ်ကြောင့် ပိုပြီး Emotion များပြီး ရှုံးနိုင်ချေက ပိုများလာပါလိမ့်မယ်။

လက်တွေ့အလုပ်လုပ်ပါ၊ စိတ်ကူးမယဉ်ပါနဲ့။ Forex Trading လောကဟာ စိတ်ကူးယဉ်တတ်သူတွေအတွက် တကယ်ကို နေရာမရှိပါဘူး။ Unlimited Profits အဆုံးအစမရှိ အမြတ်တွေ၊ Unrealistic Dreams လက်တွေ့မဆန်တဲ့ စိတ်ကူးအိပ်မက်တွေကို လိုချင်တယ်ဆိုရင်တော့ Forex လောကဟာ သင့်အတွက် မဟုတ်ဘူးလို့ပဲ တွေးမှတ်ပြီး လက်ရှောင်လိုက်ပါ။
-BPS-
-BPS-

No comments:
Post a Comment
Note: Only a member of this blog may post a comment.