ဒါကတော့ တွေ့နေမြင်တာလေးတွေကို Analysis လုပ်မိတာလေးပါ၊ Account Trading Styles ကတော့ အမျိုးမျိုးရှိကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူးဆိုပေမဲ့ အကြမ်းဖျင်းကတော့ (၄) မျိုး ထွက်လာပါတယ်။ (ဒီထက်လဲရှိနေမယ်လို့လဲ ထင်ပါတယ်)
1. သူများလုပ်သလို လိုက်ပြီး လုပ်တတ်သူ...
သူတို့ကျတော့ ရှင်းပါတယ်။ သူများက Buy လိုက်လို့ Buy သူများ၊ Sell လိုက်လို့ Sell တဲ့ အဲ့လိုလူမျိုးပါ။ သေဖော်သေဘက် အမှုတွဲခေါ်ခြင်း ခံရတာ သူတို့ဘာမှမသိပါဘူး။ သူများလုပ်တာလိုက်လုပ်တဲ့ ရေလိုက်ငါးလိုက် မျှောပြီးလိုက်လိုတဲ့ လူမျိုး...

2. Feeling အရ လုပ်တတ်တဲ့သူ...
Market ထဲ ဘာဖြစ်နေလဲ? Data ဘယ်လိုတွေထွက်နေလဲ? သူတို့မသိပါဘူး။ သူတို့ စိတ်ထဲရှိတဲ့အတိုင်း Buy/ Sell လုပ်ကျပါတယ်။ တချို့ဆို နံခြားထောက်ပြီး လုပ်တတ်ကြတယ်။ ကိုယ်လုပ်ချင်ရာကိုယ်လုပ်တဲ့ လူမျိုး...

3. ဇွတ်လုပ်တဲ့ သူ...
သူတို့ကျတော့ One way Type ပါ။ ဘယ်သူ့ကိုမှ အယုံအကြည် မရှိပါဘူး။ တယူသန်တဲ့ လူမျိုးပါ။ ဘယ်အခြေအနေမဆို Buy / Sell တစ်ခုဘဲ ပုံသေလုပ်ပါတတ်တဲ့ အစွဲကြီးတဲ့ လူမျိုး...

4. ဖြည်းဖြည်း မှန်မှန် Trade တဲ့သူ...
Market ထဲမှာ ဘာဖြစ်နေလဲ အရင်ကြည့်ပါတယ်။ ပြီးတော့ သူတို့ လုပ်သင့်တာဘဲ လုပ်သွားပါတယ်။ သူတို့ စိတ်ခံစားချက်အရ လုပ်ချင် တာတောင် မလုပ်သွားပါဘူး။ အဲ့လိုလူမျိုးတော့ အကောင်းဆုံးပါ။

သင်ကရော ကိုယ့်ကိုယ်ကို ဘယ်လိုလူမျိုးထဲမှာ ပါနေတယ် ထင်ပါသလဲ? အကယ်၍ ၁၊ ၂၊ ၃ ထဲ ပါနေရင်တော့ သင် Trading Account က အန္တရာယ်ရှိပါတယ်လို့ ပြောချင်ပါတယ်။ Account Trading Styles မြန်မြန်ပြောင်းစေလိုပါတယ်။
Forex Trading မှာ-
1. Technical Analysis (TA) 35%
2. Fundamental Analysis (FA) 35%
3. Sentiment Analysis (SA) 20%
4. Lucky (Lucky) 10% ဆိုပြီးရှိပါသေးတယ်။

Technical Analysis (TA) 35% သမားတွေဟာ မိမိရဲ့ Technical ကို ယုံကြည်ပြီး အခြားသော FA, SA, Lucky တို့ကို မလုပ်ဘူးဆိုရင် အဲ့လူရဲ့ အကောင့် ဆုံးရှုံးမှုက 65% ရှိပါတယ်။
ဒီလိုပဲ Fundamental Analysis (FA) 35% သမားတွေကလည်း အခြားသော TA, SA, Lucky ကို လျစ်လျူရှုထားပြန်ရင်လည်း 65% ဆုံးရှုံးမှုရှိနိုင်ပါတယ်။
TA and FA ထက် ပိုဆိုးတာက Sentiment Analysis (SA) 20% သမားများဟာ အခြားသော TA, FA, Lucky တို့ကို မကြည့်ဘူးဆိုရင် ထိုလူရဲ့အကောင့်ဟာ ဆုံးရှုံးမှုက 80% ရှိပါတယ်။
အဆိုးဆုံးကတော့ Lucky 10% သမားတွေပါ။ သူတို့က ဘယ်လိုမျိုးလည်းဆိုတော့ "ဒီနေ့က ငါ့အတွက် ကံကောင်းတဲ့နေ့ဆိုပြီး Buy and Sell ကို ရမ်းသန်းလုပ်တာမျိုးတွေပါ။ ကံအပေါ်မူတည်ပြီး အရောင်းအဝယ်လုပ်တတ်ကြသူတွေပါ။ အခြားသော TA, FA, SA တွေကိုမကြည့်ဘူးဆိုရင် အဲ့လိုလူတွေရဲ့ အကောင့်ကတော့ ဆုံးရှုံးမှုအများဆုံး 90% ရှိပါတယ်။

Trader သမားတွေအနေနဲ့ TA, FA ကိုသာ လုပ်ဆောင်မယ်ဆိုရင် မိမိရဲ့အကောင့်က ဆုံးရှုံးမှု 30% ရှိနေကြပါတယ်။ ဒါကြောင့် အရှုံးအနည်းဆုံးဖြစ်တဲ့ TA, FA & SA သုံးမျိုးစလုံးကို လေ့လာသင်ယူပြီး အဆက်မပြတ် လေ့ကျင့်နေမယ်ဆိုရင် မိမိရဲ့အကောင့် ဆုံးရှုံးမှုက 10% သာရှိပါတော့မယ်။ နောက်ဆုံး Lucky ကိုတော့ ကျနော်အားမပေးပါ။ ကံအပေါ်မူတည်ပြီး Trade မယ်ဆို ပလုံဆိုတဲ့ အသံတောင် ကြားရမှာမဟုတ်ဘူးနော်။ 😁😁😁
BPS

No comments:
Post a Comment
Note: Only a member of this blog may post a comment.